21

17K 2.1K 54
                                    


" မသောက်ရဘူး "

ပါးစပ်ဖျားရောက်ခါနီးမှ မြင်လိုက်ရတာကြောင့်   ဇ  အလျှင်အမြန် ဆွဲလုလိုက်တော့
အေးစက်စက် ဘီယာတွေက ဖိတ်စင်ပီး လက်မှာ အနည်းငယ်တော့ ပေပွသွား၏

"အကိုကြီးကျ သောက်ပီးတော့ ကျွန်တော်ကျမသောက်ရဘူးဆိုတာတော့ မတရားဘူး "

"မတရားဘူးဟုတ်လား ဒါဆို သောက်လေ  ကိုယ်က မင်းအသက်မပြည့်သေးလို့ မသောက်ခိုင်းတာ ဒါကို မင်းက သောက်ချင်ရင် ကိုယ်မတားဘူး အေးနောက်ဆက်တွဲ ပြသနာ ကို ထည့်မစဉ်းစားရင် သောက်လိုက်အဲ့မှာ "

စောစောက ဆွဲလုထားတဲ့ ခွက်ကို ရှေ့ မှာချပေးလိုက်၏။ အသက်မပြည့်သေးလို့ 
တားနေတာ နို့ မို့ ဆိုရင် ကြိုက်တာလုပ်စမ်း ဇ  ဘေးကနေ  လိုက်ထိန်းနိုင်တယ်။

"သောက်လေ ဘာလုပ်နေတာလဲ"

မသောက်ရဲပဲ တွေဝေနေတဲ့ ကလေးကြောင့်ထပ် ပြောလိုက်တော့

"ဟို နောက်ဆက်တွဲပြသနာကဘာလဲ အကိုကြီး"

ဟင်း…မေးမှမေးပါ့မလားလို့  ဒါကိုကြောက်ရကောင်းသည်တော့ရှိသားပဲ။ အနည်းငယ် ခါးကို ကိုင်းက ကလေးလေးကြားသာရုံလောက်နားနားကပ်ပြောလိုက်၏။

"အကိုကြီး!!! "

ပါးပြင်ရဲရဲက ဖြန်းကနဲ ရဲတက်လာပီး
လက်မောင်းကို ထုပီးအော်၏။ 

"ဘာလဲ ကိုယ်ပြောတာမှားလား။ သောက်ချင်သောက် ။ သောက်ပီရင်တော့ စောစောကပြောတဲ့ နောက်ဆက်တွဲပြသနာကို ခံရမယ်မှတ်"

"မသောက်ဘူး အကိုကြီး ညစ်ပါတ်တယ်"

ဇ  ဘီယာခွက်ကို ပြန်ဆွဲယူသောက်ပီး ပြုံးလိုက်သည်။  ညစ်ပတ်မှတော်ကာ ကျတဲ့
ကလေးလေးက  နောက်ဆို သူကြောက်တာနဲ့ ပဲ ခြိမ်းခြောက်တော့မယ်။

" ရေး  မင်းလဲ အသက်မပြည့်သေးဘူးမို့ လား ဘာလို့ သောက်နေတာလဲ "

ဝန စကားကြောင့် ဘေးက ဖြူဖြူ လုံးလုံး ရေးဆိုတဲ့ ကောင်လေးကို ဒေဝါ စောင်းကြည့်လိုက်သည်။ ဒီကလေးကို သတိထားမိနေတာကြာပေမဲ့ တိတိပပ စကားမပြောဘူးသေး။ပါလာရင်လဲ ငြိမ်ငြိမ်လေးထိုင်နေတက်ပီး တခါတလေ သူ့ ကို ခိုးကြည့်တက်တာကိုလဲ မြင်ဘူး၏။

    ဇ  ( Completed)Where stories live. Discover now