29

16.5K 2K 64
                                    

"အားးးး! "

နာကျင်စွာ  အော်လိုက်တဲ့ ဇ ရဲ့
အော်သံကျယ်ကြီးက ကားထဲမှာ ထွက်ပေါ်လာ၏။ 

အားစိုက်ပီး တမင်နာအောင် ကိုက်လိုက်တာမို့  ဇ  မရုန်းပဲ အံ့ကြိတ်ခံလိုက်ရသည်။ ဘယ်လောက်တောင် ဒေါသထွက်နေလို့ များအားကုန်သုံးရတာလဲ။  

ချစ်မြတ်နိုးစိတ်နဲ့   လက်ကိုကုန်းကိုက်နေတဲ့ခေါင်းလေးကို ပွတ်ပေးလိုက်သည်။ 
နေ့ ခင်းဖုန်းပြောနေတုန်းက  ဖေဖေ့
အလုပ်မှာ  သူ…လုပ်ငန်းပိုင်းဆိုင်ရာ လေ့လာနေရင်းဆက်မိတာဖြစ်သည် ။ မအားတဲ့ကြားထဲက စိတ်တိုတဲ့အသံလေးကြားချင်လို့ တမင်  စ  နေတာဖြစ်ပေမဲ့   အပြေးသွားချော့ဖို့ ထိတော့
ရှိတဲ့ အလုပ်တွေ ပစ်ထားခဲ့လို့ မဖြစ်။ 

ဘာမှမသိတက်သေးတဲ့ လုပ်ငန်းတွေ ကိုအစကနေ လေ့လာနေရတာမို့  တကယ်မလွယ်ကူပေ။   အကုန်လုံးပီးမှ အိမ်ပြန်လာတော့ ညခုနှစ်နာရီထိုးနေပီ ။  
ရေမြန်မြန်ချိုးပီး  အပြင်သွားခါနီးမှ  ဖေဖေ
သွေးတိုးနေလို့  ဆရာဝန်လှမ်းခေါ်ဘာညာလုပ်ပီးစိတ်ချရမှ အချိန်ကိုကြည့်တော့ ကိုးနာရီတောင်ထိုးတော့မည်။

နောက်ကျနေပေမဲ့ ကိုယ့်ရည်းစားကို စိတ်ဆိုးစိတ်ကောက်ပီးမှ ညမအိပ်စေချင်သည်မို့   အပြေးလေးလာချော့ပေမဲ့ ရောက်ရောက်ခြင်းစီးကြိုကိုက်ထည့်လိုက်တာများ
ပြတ်ထွက်မတက်ပဲ။

" ဝပီလား  ကိုက်လို့  ။  ဒီဖက်ကျန်သေးတယ် …ကိုက်အုန်းမလား "

လက်ကိုလွတ်ပေးပီး ခေါင်းလေးငုံ့ ပီးငြိမ်နေသည်မို့ မျက်စိရှေ့ နောက်လက်တစ်ဖက် ထိုးပေးပီး စိတ်ပြေသွားအောင် ထပ်ကိုက်ခိုင်းလိုက်သည်။ ကိုက်ထားတဲ့ လက်ကိုကြည့်တော့လဲ သွေးတောင်စို့ နေသည်မို့ 
အားတော်တော်သုံးလိုက်မှန်းသိသာသည်။ 

"ဟင့် "

ရှိုက်သံတိုးတိုးလေးကြောင့်  ငုံ့ ထားတဲ့
မျက်နှာကိုမေးကနေ ဆွဲမော့လိုက်သည်။

"ကျစ်  !  ဘာလို့ ငိုနေတာလဲ ။ မကျေနပ်သေးဘူးလားလူလူ  …မင်းစိတ်မပြေသေးဘူးဆိုရင်  ကြိုက်တာလုပ်…ကိုယ့်ကို အေး
ဒါပေမဲ့  မငိုနဲ့ ဘယ်တော့မှ ။ "

    ဇ  ( Completed)Où les histoires vivent. Découvrez maintenant