"ကျွန်တော်က အိမ်ထောင်သည် "
မထင်မှတ်တဲ့စကားကြောင့် စက်ခွန် အနဲငယ် ငြိမ်သွားပြီးခါမှ
" အင်း "
ဘာလို့လဲတော့မသိ စက်ခွန် ဝမ်းနည်းသွားဟန်တူသည် စကားထပ်မပြောတော့သလို ရှေ့က ထမင်းပန်းကန်ကိုသာ အကြောင်းမဲ့ ငေးကြည့်နေမိသည်။
" အစ်ကို "
" အစ်ကို့! "" ဟင် "
" ထမင်းမစားဘူးလား "
" အင်း ဒါနဲ့ မင်းရဲ့ အမျိုးသမီးလည်းမတွေ့ပါလား "
စားပွဲပေါ်တွင် ထောင်ထားသော ပုလင်းထဲမှ အနီရောင် အရည်အနဲငယ်အား မှိုင်းခ ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်ရင်း
" ခရီးသွားတယ်..ဟိုးအဝေးကြီးကို "
မှိုင်းခ ၏ပုံစံသည် အေးစက်စက် တည်ငြိမ်သွားပြန်သည် ထို့နောက် လက်ထဲမှ ဝိုင်ခွက်အား တဟုန်ချင်း မော့သောက်လိုက်တော့ လှုပ်ခက်သွားတဲ့ လည်ဇလုတ်ကြောင့် စက်ခွန် တတွေးတို့ မျိုချမိလိုက်ရင်း မျက်နှာ လွှဲလိုက်ရသည့်အဖြစ်...
တအောင့်ကြာတော့ ထိုင်နေရာမှ စက်ခွန် ဗြုန်းကနဲ မတ်တပ်ရပ်လိုက်သည်။
သူအား ကြောင်ကြည့်နေသော မှိုင်းခ ကို" ငါပြန်တော့မယ်..ဧည့်ဝတ်ကျေပေးတဲ့အတွက် ကျေးဇူးတင်တယ် "
" အင်း "
မှိုင်းခ ကိုကျော်ကာ ထွက်လာပြီးရင်းနောက် ထမင်းစားခန်းထဲမှ မထွက်ခင် အပေါက်ဝ တွင် ခြေလှမ်းတို့ကို ရပ်လိုက်တဲ့ စက်ခွန်
" ဟို မနက်ဖန်လည်း ငါလာလည်လို့ရမလား ဟင် မှိုင်းခ "
ကျောပေးကာ ထိုင်နေရာမှ မတ်တပ်ရပ်လိုက်ရင်း စက်ခွန်ဘက်လှည့်လိုက်သည်
" နှိုင်းမခစံအိမ် မှကြိုဆိုပါတယ် အစ်ကို "
မှိုင်းခ တစ်ယောက် နှခမ်းတို့ကို တွန့်ချိုးသည်အထိ ပြုံးလိုက်ကာ စက်ခွန်အားပြောလိုက်သည်။
" အင်း ငါသွားပြီ "
ဒီတစ်ခါတော့ စက်ခွန် နောက်ပြန်လှည့်မကြည့်တော့ပါ သူ့အား ပြုံးပြနေသူက အိမ်ထောင်ရှိအမျိုးသားဆိုပေမဲ့ ထိုအပြုံးတို့ကြောင့် သူ့ရင်တွေ အဆမတန်ခုန်မိ နေတာအမှန်... ခြံအပြင်သို့သိုးသိုးသုပ်သုပ် လျှောက်လာခဲ့ရာ ရင်ဘတ်တဖက်ပေါ်မှာတော့ လက်တစ်ဖက်က ဖိထားရပြန်သည့် စက်ခွန်ရဲ့အဖြစ်ပါလေ...
YOU ARE READING
DIRECTION OF TĤĒ MINĐ ❌❌
Horrorလေးကြိမ်မြောက်ရေးသားခြင်း။ Psycho BL Fiction 🚫🚷🚫🚫 သစ္စာတရားကိုမျက်ကွယ်ပြုထားတက်ရင်တော့လည်း ပစ်ဒဏ်တစ်ခုတော့ ပြန်ရလိမ့်မယ် ဘယ်သူမှ မင်းအပေါ် အပစ်မချမှတ်ခင် ကိုယ်ကိုတိုင် မင်းကိုစီရင်ပေးပါရစေ သိပ်ချစ်လို့ပါ ငယ်.... အတ္တကြီးတက်တဲ့ကိုယ်က ငါမှအပိုင်မရ...