" ကိုစက် ခုတလောကျွန်တော်တို့နဲ့ ညနေစာ မစားဖြစ်တာအတော်ကြာပီနော် ဒီနေ့တော့ အစောပြန်လာခဲ့ရမယ် "
မနက်စာ စားနေကြ ရင်းမှ အောင်ဇေ ပြောလိုက်ခြင်း
" ဟို ငါဒီနေ့အစောပြန်လာလို့မရဘူး "
" ဟမ် ဘာဖြစ်လို့ "
စက်ခွန်ငြင်းလိုက်တော့ စားနေရင်းမှ မော့ကြည့်လာတဲ့ မိုးည ပြောလာသည်။
" ငါ ဒီတစ်ည ဟိုမှာအိပ်မလားလို့လေ အဲဒါ "
" အိုးဟို ဒီကောင်ကြီးရိုးမှရိုးရဲ့လားလို့ မဟုပ်မှ အဲ့မြို့မှာ မင်းသဘောကျနေတဲ့ကောင်မလေးရှိနေပြီလား ဟမ် ပြောစမ်း "
" အဟွတ် အဟွတ် "
မိုးည ၏စကားတို့ကြောင့် စားနေတဲ့ ထမင်းတို့တောင်သီးသွားရသည့် စက်ခွန် အဖြစ်..
သူတို့ကိုပြောထားသည်က
ပြည်မြို့ထဲမှာမှ ခွဲထွက်နေတဲ့ မြို့ငယ်လေးကို သွားပြီး စာတမ်း ရေးနေတယ်လို့ ညာထားမိတယ်...တကယ်သာဆို ဟိုအိမ်ကြီးအကြောင်းသူတို့ကို ပြောပြထားရင် အဲ့အိမ်ကို ဆက်မသွားရဘဲနေရလိမ့်မယ်လေ..သိတယ်မလား အဲ့နှိုင်းမခ စံအိမ်ကြီးအကြောင်း
သူတို့ကို ကျွန်တော်အသိမပေးချင်သေးဘူး အချိန်တန်ရင်တော့ ပြောပြမယ်လို့ စိတ်ကူးရှိပါတယ်..." ဟုတ်လားဟင် ကိုစက် ကိုမိုး ပြောသလို ကိုစက် မှာချစ်ရမယ်ကောင်မလေးရှိနေတာလား အ့ကြောင့် အဲ့မှာအိပ်ချင်နေတာလားဟင် "
" အာ ပေါက်ကရတွေ ငါ့မှာ ချစ်ရမယ့်ကောင်မလေးရှိဖို့သာ နေနေသာသာ ရည်းစားစကားတောင်မပြောတက်တဲ့ ဟာဂို ပြောပြမယ် ငါအဲ့မှာအိပ်မယ်ဆိုတာ ဒီမြို့နဲ့ ငါသွားတဲ့မြို့လေးက နဲနဲအလှမ်းဝေးတယ်ကွဒီကနေသွားမယ်ဆို 2 နာရီလောက်မောင်းရတာ ကားစီးတော့အရမ်းပင်ပန်းတယ်လေကွာ ဒါကြောင့် အဲ့မှာအိပ်ဖို့ဆုံးဖြတ်လိုက်တာ တခြားဘာမှမဟုပ်ဘူး "
ဒါတောင် ငတိမိုးည ကမယုံသင်ကာမျက်လုံးတွေနဲ့လာကြည့်နေသေး အောင်ကတော့ကျွန်တော်ပြောတာယုံသွားသည်ထင် ခေါင်းတငြိမ့်ငြိမ့်နှင့်
ESTÁS LEYENDO
DIRECTION OF TĤĒ MINĐ ❌❌
Terrorလေးကြိမ်မြောက်ရေးသားခြင်း။ Psycho BL Fiction 🚫🚷🚫🚫 သစ္စာတရားကိုမျက်ကွယ်ပြုထားတက်ရင်တော့လည်း ပစ်ဒဏ်တစ်ခုတော့ ပြန်ရလိမ့်မယ် ဘယ်သူမှ မင်းအပေါ် အပစ်မချမှတ်ခင် ကိုယ်ကိုတိုင် မင်းကိုစီရင်ပေးပါရစေ သိပ်ချစ်လို့ပါ ငယ်.... အတ္တကြီးတက်တဲ့ကိုယ်က ငါမှအပိုင်မရ...