ရပ်တန့်သွားတဲ့ ခြေစုံတစ်ခုနှင့်အတူ
အာမေဋိတ် တစ်ခုထွက်ပေါ်လာခဲ့သည်သာဟင်!
စက်ခွန်ထင်ထားသည်ထက် ပို၍ ဆွံ့အ သွားမိသည်ကလွဲလို့ ကြောင်တောင်² ရပ်နေလေသည်။
ကျွန်တော် ခုတွေ့နေရတာ တကယ်အစစ်မှန်လား..
မဖြစ်နိုင်ဘူး..
ကျွန်တော် တကယ်တွေ့ခဲ့တာ လူမနေတဲ့အခန်းလို တံခါးကို ချိတ်ပိတ်ထားသလိုမျိုး လေ ဘာလို့. ဘာလို့လဲ ကျွန်တော်ထင်သလို အိမ်မက်မက်နေခဲ့တာများလား ဟင့်အင်းဘာလို့နံရံလဲ..Ring~Ring~ Ring~📱📱
shit!
အတွေးတို့မဆုံးလိုက်ခင် ဖုန်းလာသည်ကြောင် ့ဘောင်းဘီ အိပ်ကပ်ထဲမှ ဖုန်းအားစိတ်မပါ လက်မပါဖြင့်ယူလိုက်လျှင်
" ဟုတ်ကဲ့ လေးလေး"
" သားငယ် အိမ်မှာလား"
" ဟုတ် ကျွန်တော် မှိုင်းခ တို့အိမ်မှာ ဘာဖြစ်လို့လဲဟင် လေလေး "
" လေးလေးကို လင်းသူ ဖုန်းဆက်တယ် သားငယ်ဆီသွားမလို့တဲ့ သားငယ်ဖုန်းနံပါတ် သူမယူထားမိလို့တဲ့လေ အဲ့ဒါလှမ်းအကြောင်းကြားပေးခိုင်းတာ ခုလာနေလောက်ပြီ "
"အော်... ဟုတ် "
ကိုလင်းသူဆိုတာ ဟိုတခေါက်က လူသတ်မှုကိစ္စနဲ့ သူ့အားစစ်မေးမြန်းခဲ့တဲ့ လေးလေးအသိမိတ်ဆွေဆိုသူ ရဲမှူးကိုလင်းသူ မှန်းတမ်းသိလိုက်သည်။
" ခွန်လေး အဲ့မှာအဆင်ပြေရဲ့လားသားငယ် "
" အဆင်မပြေစရာအကြောင်းမှမရှိတာ ဒါပေမဲ့ လေးလေးကို ကျွန်တော်ပြောပြစရာရှိတယ်.."
" ဟေ..ဘာများလဲကွ "
" ဟို..ဟိုလေလေးလေး..."
စက်ခွန် ယခုအခြေနေတွေကို လေးလေးအား ပြန်ပြောပြသင့်မသင့်စဥ်းစားနေသည်။ ကျွန်တော့်စိတ်က ဖြစ်နေတာလား ထင်ယောင်ထင်မှားဖြစ်နေသည်လား ကျွန်တော် ဝေခွဲရခက်နေသည်။ လေးလေးကို ပြောပြရင်ရော ဘယ်လိုပြန်ပြောမလဲ..မင်းစာရေးတာတွေများပြီး စိတ်ရှုပ်ထွေးနေတာပဲ ဖြစ်မယ်လို့ ပြန်ပြောခဲ့ရင်ရော..ဟင့်အင်း လေးလေးက ကျွန်တော့်အပေါ်ကို အရာရာနားလည်ပေးနိုင်တဲ့ တစ်ယောက်ထဲသော သူပဲလေ..ဟုတ်တယ် ဒီကိစ္စတွေကို လေးလေးကို ပြောပြရမယ် ဒါမှ လေးလေးဆီက အကြံကောင်းရနိုင်မယ်..
BINABASA MO ANG
DIRECTION OF TĤĒ MINĐ ❌❌
Horrorလေးကြိမ်မြောက်ရေးသားခြင်း။ Psycho BL Fiction 🚫🚷🚫🚫 သစ္စာတရားကိုမျက်ကွယ်ပြုထားတက်ရင်တော့လည်း ပစ်ဒဏ်တစ်ခုတော့ ပြန်ရလိမ့်မယ် ဘယ်သူမှ မင်းအပေါ် အပစ်မချမှတ်ခင် ကိုယ်ကိုတိုင် မင်းကိုစီရင်ပေးပါရစေ သိပ်ချစ်လို့ပါ ငယ်.... အတ္တကြီးတက်တဲ့ကိုယ်က ငါမှအပိုင်မရ...