Part(22)

2.4K 148 0
                                    

DIRECTION OF THE MIND💀

"  ဘာတွေစဥ်းစားနေတာလဲ မောင် "

အနောက်မှ ခါးကိုသိုင်းဖက်လာတဲ့ စက်ခွန်ရဲ့လက်တွေကြောင့် အတိတ်တွေဆီပြန်ရောက်နေတဲ့ မှိုင်းခ အတွေးတွေ ရပ်တန့်သွားကာ လက်ရှိ ပစ္စုန်ပန် သို့တဖန်ပြန်လည်ရောက်ရှိလာခဲ့လေသည်,
နောက်တော့ ပြတင်းပေါက် ကနေအကြည့်လွှဲပြီး စက်ခွန်ဘက် မှိုင်းခ ပြုံးရင်းလှည့်လာသည်။ စက်ခွန်ရဲ့လက်လေးတွေကို သူ့လက်ကြီးကြီးတွေနှင့် ယှက် ထားရင်း မှိုင်းခ ကစကားဆိုလာသည်။

" အစ်ကို့ အကြောင်းစဥ်းစားနေတာပေါ့ "

" ငါ့အကြောင်း? ငါ့အကြောင်းဘာတွေစဥ်းစားနေလဲ "

"  မောင့် ဘဝထဲကို အစ်ကိုသာ ရောက်မလာရင် ခုချိန်ဘာတွေဖြစ်နေမလဲလို့လေ ခုလိုလေး ​ေမာင့် အနားမှာ အစ်ကိုရှိနေတာနဲ့တင် အားလုံးက ပြီးပြည့်စုံနေပြီ ဒီလိုလေးပဲ အမြဲရှိချင်တယ် လို့ပေါ့ "

ဒီလိုပြောတော့ စက်ခွန် ကပြုံးပြီး လက်ဝါးတစ်ဖက်နဲ့ မှိုင်းခ ပါးလေးကိုအပ်တယ်..

" ငါအမြဲရှိနေပေးမှာပါ အတိတ်တွေကို အတက်နိုင်ဆုံး မေ့ထားလိုက်တော့နော် အဲ့အတွက် ငါမင်းကို ပျော်အောင်ထားပေးမှာ ဟုတ်ပြီလား "

" ဟုတ် "

" အဟင်း လိမ္မာတယ် လာ ထမင်းစားဖို့လာခေါ်တာမင်းကို ငါဗိုက်စာနေပြီ "

" အင်း "

အောက်ထပ်ကို ဆင်းလာကြတော့ ဧည့်ခန်းမှာ ထိုင်နေတဲ့ လူတစ်ယောက်ကြောင့် စက်ခွန်နှင့် မှိုင်းခ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိလိုက်ကြသည် ဘယ်သူလဲဆိုတဲ့သဘော
ဧည့်ခန်းထဲဝင်လာကြတော့ မထင်မှတ်ထားတဲ့ လူတစ်ယောက်

" အောင်.. , "

" ကိုစက် အဟင်း ထမင်းလာစားတာ စားပြီးမှပြန်မယ်နော် "

.
.
.
ထမင်းစားဝိုင်းတွင်ဖြစ်၏။
လေးထောင့်စားပွဲ၏ထိတ်တွင် မှိုင်းခ ထိုင်၍ဘေးဘက် တစ်ဖက်စီ၌ စက်ခွန်နှင့် အောင်ဇေထိုင်ကြသည်။
ခေါင်းကိုငုံ့မတက် စားနေတဲ့ အောင့်ကို ကြည့်ပြီး စက်ခွန်နှင့် မှိုင်းခ မတိုက်ထားဘဲ တစ်ယောက်ကို တယောက်ကြည့်လိုက် အောင့်ကိုကြည့်လိုက်နှင့်

DIRECTION OF TĤĒ MINĐ ❌❌Where stories live. Discover now