unicode;zawgyi;part(19) Flashback

2.8K 155 3
                                    

DIRECTION OF THE MIND💀

လွန်ခဲ့သော ခုနှစ်နှစ်ခန့်~~~

"cappuccino တခွက် "

ဆိုင်ထဲဝင်ဝင်ချင်း ကော်ဖီတခွက်မှာလိုက်ပြီး လွတ်တဲ့ စားပွဲတစ်ခုတွင်ဝင်ထိုင်သည်။
တီရှပ်အဝါရောင်ပေါ်မှ အဖြူလက်ရှည်ဝတ်ထားပြီး ဂျင်းအဖြူဘောင်းဘီရှည်နှင့် ရှူးအဖြူရောင်နှင့်တွဲဖက် ဝတ်ဆင်ထားသော ထိုကောင်လေးသည် သန့်ပြန့်စွာ ကြည့်ကောင်းနေသည်။
ဝင်လာကတည်းက ဖုန်းတစ်လုံးနှင်အလုပ်ရှုပ်နေပုံ...

" ဟယ်လိုအန်ကယ် ကျွန်တော်ရောက်နေပြီ"

"              "

" ဟယ်လို ဟယ်လိုကြားလား အန်ကယ် "

ဘုတ်!

ဖုန်းလိုင်းမမိတာကြောင့် အပြင်ထွက်ရန်ထရပ်လိုက်ရာ ရုတ်တရပ် ဘယ်ချိန်ကလျှောက်လာ မှန်းမသိ လမ်းသွားသူ တစ်ဦးကိုင်ထားသော ကော်ဖီဗူးက သူ့အိင်္ကျီအဖြူတွေပေါ်သို့ ...

" ဟာ မင်းအိင်္ကျီတွေ စွန်းကုန်ပြီ sorry ကိုယ်မရည်ရွယ်... "

ရုတ်တရပ်မို့ ပေသွားသော အိင်္ကျီအဖြူကိုကြည့်နေရင်းမှ ရှေ့က အနည်းငယ်အရပ်ရှည်သော သူကိုတချက်ကြည့်လိုက်သည့်အဖြူရောင်ကောင်လေး

ပြန်ကြည့်လာသော မျက်ဝန်းတွေမှသည်သူ့ရဲ့အစိတ်အပိုင်းအားလုံးကို တခဏအတွင်းမှတ်ထားမိလိုက်သည် ကိုယ့်အဖြစ်က..
ကိုယ့်ကြောင့် ပေသွားတဲ့အိင်္ကျီအဖြူပေါ်မျက်လုံးရောက်သွားတော့

" ကိုယ်မရည်ရွယ်ပါဘူး ငယ် "

" ရတယ် တမင်လုပ်တာမှမဟုတ်ပဲ တော်သေးတယ် အောက်မှာတစ်ထပ်ပါလို့ "

ဖုန်းကိုခဏချကာ စွန်းပေသွားတဲ့ အိင်္ကျီအဖြူအား စားပွဲပေါ်တင်လိုက်သည်။ လုပ်ငန်းအတွေ့ကြုံရအောင် အဖိုးက သူ့မိတ်ဆွေ အန်ကယ်ဆမ် နှင့်တွေ့ပေးရန် ထိုကော်ဖီဆိုင်တွင် ချိန်းထားခြင်း...

" ကြားလား အန်ကယ်ဆမ် ကျွန်တော်ရောက်နေပြီဗျ "

"            "

" ဟယ်လို "

ကော်ဖီတွေပေသွားတဲ့အိင်္ကျီအဖြူချွတ်လိုက်တော့လဲ အဝါဖျော့ဖျော့လက်တိုနှင့် သူကလှနေပြန်ရော။ ကိုယ်နဲ့မတိမ်းမရိမ်းထိုကောင်လေးက ခဏအတွင်းကျွန်တော့ကိုပြုစားသွားသည်။ထိုနေရာတွင် သူလုပ်သမျှရပ်ကြည့်နေပေမဲ့ ကိုယ့်ကိုမမြင်သလို အဖက်မလုပ်တဲ့အပြင် သူလုပ်စရာရှိတာ ဆက်လုပ်နေတဲ့ ထိုကောင်လေးက အားနာရကောင်းမှန်းမသိတက်စွာ..တယောက်ယောက်ကိုဖုန်းဆက်နေပြီး ပေသွားတဲ့ သူ့ရဲ့အိင်္ကျီအဖြူလေးအား စားပွဲပေါ်အပုံလိုက်လေး ထားကာ အပြင်ထွက်ဖုန်းပြောနေပုံပဲ...

DIRECTION OF TĤĒ MINĐ ❌❌Where stories live. Discover now