A\N: ဒီအပိုင်းကိုမဖတ်ခင်..☝.love is gone violin ..သီချင်းလေးကိုအရင်နားထောင်ပေးပါနော်။...
________________________________________________________________________
❌Đirection Øf Thē Minđ❌
December 13.Monday. 2021
4:45PM" အစ်ကို "
လဲလျောင်းနေသော အစ်ကို့ရဲ့ခန္ဓာကိုယ်လေးကို ပြေးထူလိုက်ပြီး မှိုင်းခ ခေါ်ခဲ့ သည်
" အစ်ကိုထပါအုံး မောင်ရောက်လာပြီလေ အစ်ကိုဘာမှမဖြစ်တော့ဘူးနော် "
မှိတ်တုတ်မှိတ်တုတ်မျက်ဝန်းတွေဟာ ဖွင့်ဖို့ရန် မဖြစ်သည့်အခြေနေ မှာ စက်ခွန် အားယူကာ ဖွင့်ကြည့်လာသည် သူ့ကိုပွေ့ထူထားသော လူဟာ ဝိုးတို့ဝါးတား မမြင်ရပေမဲ့ အသံကြောင့် မောင် ဖြစ်နေတယ်ဆိုတာငါသိခဲ့ရတယ်...
" မောင် "
တိုးညင်းတဲ့လေသံလေးဟာ ထွက်ပေါ်လာလျှင်
" မောင်တို့ထွက်ပြေးကြမယ်အစ်ကို ကိုကြီးမောင်တို့ကိုမတွေ့ခင် "
စိုးရိမ်တကြီးပြောလာရာ ယူဆောင်လာသော သော့တံတွေဖြင့် စက်ခွန်ရဲ့ကိုယ်ပေါ်က အရာမှန်သမျှအလျင်စလို ဖွင့်နေရသည် အစောင့်တွေနဲ့ကိုကြီးမနက်က အစ်ကို့ ကိုအပေါ်ထပ်က လေးခန်းမြောက်အခန်းမှာဖမ်းဆီးထားကြောင်း အမှတ်မထင်ကျွန်တော်ကြားခဲ့ရတယ် ဖြစ်ချင်တော့ အစောက စကားများတုန်း ကိုကြီး သတိလွတ်သွားခဲ့ပုံပဲ အခန်းထဲက စားပွဲခုံပေါ်တွင် မေ့ကျန်ခဲ့သောသော့တံလေးအား ကျွန်တော်လည်း အတော်ကြာမှတွေ့ခဲ့ရသည်မို့..
" ငါအရမ်းဝမ်း သာ တာ ပဲ မင်းငါ့ကိုထားသွားပြီလို့ထင်နေတာ "
" အစ်ကိုရယ် လျှောက်တွေးမနေနဲ့တော့ အခု အစ်ကို့ နားမှာ မောင်ရှိနေပြီ စိတ်မပူနဲ့တော့နော်.."
ခြေထောက်ကသံခြေကျင်းတွေကို ဖြုတ်ရင်း မှိုင်းခ ကနှစ်သိမ့်ရှာသည် အားမရှိသည့်ကြားမှ ပြုံးပြလာတဲ့စက်ခွန်ဟာ ပိတိအပြုံးလေးတစ်ခုအသွင် ဆောင်လျှက်..
သော့ခလောက်တွေအားလုံး ဖြုတ်ပြီးသွားသည်နှင့် စက်ခွန်ရဲ့ကိုယ်လေးအား မှိုင်းခ ပွေ့ချီလိုက်တော့သည်။ ကိုကြီး မနိုးခင် သူတို့ထိုအိမ်က ထွက်ရမည်မဟုတ်လား..
ČTEŠ
DIRECTION OF TĤĒ MINĐ ❌❌
Hororလေးကြိမ်မြောက်ရေးသားခြင်း။ Psycho BL Fiction 🚫🚷🚫🚫 သစ္စာတရားကိုမျက်ကွယ်ပြုထားတက်ရင်တော့လည်း ပစ်ဒဏ်တစ်ခုတော့ ပြန်ရလိမ့်မယ် ဘယ်သူမှ မင်းအပေါ် အပစ်မချမှတ်ခင် ကိုယ်ကိုတိုင် မင်းကိုစီရင်ပေးပါရစေ သိပ်ချစ်လို့ပါ ငယ်.... အတ္တကြီးတက်တဲ့ကိုယ်က ငါမှအပိုင်မရ...