unicode;Part(7)🔥🔥zawgyi

6.2K 260 0
                                    

" နာနေသေးလားဟင် မသက်သာရင်ကျွန်တော် dr ခေါ်လိုက်မယ် "

ခရမ်းရင့်ရောင်ကုတင်ပေါ်ဝယ် အဝတ်ကင်းမဲ့နေသော ခန္ဓာကိုယ်နှစ်ခု
တစ်ယောက်ရဲ့ကျောပြင်အားထိုသူ၏ရင်ခွင်ကျယ်ကြီးဖြင့် ပူးကပ်ထားပြီး ခါးကနေ ဖတ်ထားတဲ့ ထိုယောကျာ်း၏အသံသည် စိုးရိမ်နေပုံ..

" ဟင့်အင် သိပ်မနာတော့ဘူး အဆင်ပြေတယ်"

စက်ခွန်ပြောသာပြောရတယ် ကျောပေးကာ လှဲအိပ်နေပေမဲ့ မျက်နှာတစ်ခုလုံးနီမြန်းနေမည်ဆိုတာ အပူဟပ်နေရုံတင်သိသာနေသည်။

" အင်း မထနဲ့အုံး ဒီလိုလေးနေချင်သေးလို့"

စက်ခွန်အဖြေပြန်မပေးမိပေမဲ့လို့ သူငြိမ်နေလိုက်ပါသည်။
ဆောင်အောက်က အဝတ်ကင်းမဲ့နေသော အစ်ကို ့ရဲ့ ဗိုက်သားတွေကို ပွတ်သပ်နေရင်း

" ဒီနေ့ရော ကျွန်တော့ကို တစ်ယောက်ထဲထားခဲ့အုံးမို့လား "

ရင်ခွင်ထဲက အစ်ကို့ရဲ့ သက်ပျင်းသဲ့သဲ့ ချလိုက်တဲ့အသံကြားလိုက်၏။

" ဘာလို့ အဲ့လိုပြောရတာလဲ ညနေလောက်မှ ပြန်မှာပါ ဟိုကောင်တွေ စိတ်ပူနေလိမ့်မယ် ငါမပြန်ရင် "

" ဒါဆို ကျွန်တော် စိတ်ပူမှာကြ အစ်ကိုမစိုးရိမ်ဘူးလား "

စက်ခွန် တချက်ပြုံးမိသွားရင်း
ဒီခလေးစိုးကြီးက သဝန်တိုစရာမရှိ သူငယ်ချင်းတွေနဲ့ လာသဝန်တိုနေရတယ်လို့ တယ်ခက်ပါရဲ့
မှိုင်းခဘက်သို့ မျက်နှာချင်းဆိုင် အနေထား လှဲအိပ်လိုက်ပြီး ညီ့ရဲ့ မျက်နှာမသစ်ခင် မျက်နှာ ချောချောအား လက်လေးဖြင့် ထိကိုင်လိုက်သည်။

" စိုးရိမ်တယ်ဒါပေမဲ့ မနက်ဖြန်ကြလည်းတွေ့ရမှာပဲဟာ ခလေးလို စိုးနေပြန်ပြီ မစိုးနဲ့တော့နော် "

ပါးအားလိမ်ဆွဲကာ ချော့ပြောတော့မှ မှိုင်းခ ပြုံးရယ်သန်းကာ စက်ခွန် ရဲ့ နဖူးလေးအားတယုတယ ဖြင့် နမ်းလေ သည်

" ရေချိုးကြရအောင် "

" ဟွန် ဘာမှလဲမဆိုင်ဘူး "

မှိုင်းခ ခပ်ဟဟရယ်လိုက်ပြီး

" အတူတူချိုးချင်တယ် ခွင့်ပြုမယ် မလား "

DIRECTION OF TĤĒ MINĐ ❌❌Where stories live. Discover now