Direction Of The Mind
ဖျလတ်📸 ~~
" ဒါကို ပို့လိုက်ရဲနောင် လုပ်ရမယ့်ကိစ္စကို ပြန်အကြောင်းကြားလိမ့်မယ် "
coin ကလက်ထဲကအဖြူရောင်အထုပ်လေးကို တဖက်လူဆီကမ်းပေးလိုက်လျှင် တချက် ဘေးပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် ထိုလူက coin လက်ထဲကအထုပ်ကိုပြောင်းယူလိုက်လေသည်။
" သေချာလုပ် မလွဲစေနဲ့ မင်းကိုစိတ်ချမယ် "
" ဟုတ်ကဲ့ "
ဖျလတ်📸~~
ထိုမြင်ကွင်းထဲက လူနှစ်ယောက်ဟာ ပစ္စည်းပို့ခြင်းပြီးသွားသည့်နောက် တယောက်တစ်လမ်းဆီ လမ်းလွှဲသွားကြသည်
Ring~Ring~
" ဟုတ်ကဲ့ သခင် "
" ပို့ခိုင်းတာ ပို့ပြီးပြီလား "
" ဟုတ်ကဲ့ ကျွန်တော်ခုပဲ ပို့လိုက်ပါပြီ ဒါနဲ့ သခင် ဘယ်ကနေ ဖုန်းဆက်နေတာလဲဟင် "
" စိတ်မပူပါနဲ့ ကိုယ်စိတ်ညစ်နေတာတွေဖြေဖျောက်လို့ရမယ့်နွေးထွေးတဲ့အိမ်လေးထဲမှာရှိနေတယ်ဟွန်းး ထားပါ ကိစ္စထူးရင်
ကိုယ့်ဆီဖုန်းပြန်ဆက် ညနေကြရင် အိမ်မှာတွေ့မယ် "" ဟုတ်ကဲ့ "
coin ကသက်ပြင်းလေးတချက်ရှိုက်ကာ လက်ကနာရီကို ကြည့်ပြီးနောက် ထိုနေရာက ထွက်ခွာသွားသည်။ ကြည့်ရပုံက အရေးကြီးကိစ္စရှိနေပုံပဲ..
.
.အိမ်ကြီးရဲ့ တိတ်ဆိတ်နေမှုက ခြောက်ခြားစရာတစ်ခု ဖြစ်နေစေတာအမှန်..
ရှပ်👞
ရှပ်👞👞
ရှပ်👞👞👞
ရှပ်👞👞👞👞တရှပ်ရှပ်မြည်နေတဲ့ ဖိနပ်သံက တိတ်ဆိတ်ခြင်းကိုဖြိုခွဲကာ..အေးစက်ခြင်းအမှုကိုပြုနေလေသည်။ ခြေလှမ်းတွေက..မီးဖိုခန်းဘက်ကို ဦးတည်နေလျှင်..
ဂျိမ်းး!
ကျွီ🚪~~အမှောင်ခန်းထဲကို အလင်းတချို့က ဖြာထွက်လာရာ ..အညှီအဟောက် အနံ့အသက်ကနှခေါင်းထိပ်ဖျားဆီသို့ စူးကနဲ...
အထဲသို့ ဝင်လာသူကိုတချက်ကြည့်ပြီး မျက်နှာပြန်ငုံ့ကြသွားတဲ့ သူမ သည်အနည်းငယ် ထိတ်လန့်နေတယ်ဆိုပိုမှန်လိမ့်မည်။..
ခြောက်လှမ်းလာတဲ့ ခြေလှမ်းတိုင်းက သူမ ကိုခြောက်လှန့်နေသလား..သို့ပေမဲ့ ထိုခြေလှမ်းတွေက သူမဆီရောက်မလာခဲ့ချေ..ပြန်မော့ကြည့်မိလိုက်တဲ့အခါ..
သူဟာ ချောင်တစ်ချောင်မှာကပ်ပြီး ကုပ်ကုပ်လေးငြိမ်နေခဲ့တာကို မြင်ရလိမ့်မယ်..
ထောင်ထားတဲ့ ဒူးနှစ်ဖက်ကိုပိုက်ထားရင်း မျက်နှာကျတ် ကို တွေတွေလေးငေးနေသည့် မိုးည ဟာအရင်ကနဲ့လုံးဝမတူဘူး..ငြိမ်သက်တိတ်ဆိတ်နေတယ်မဟုတ်လား..ဒါသူ့ရဲ့ ပုံစံ မဟုတ်တာတော့ သေချာတယ်..
KAMU SEDANG MEMBACA
DIRECTION OF TĤĒ MINĐ ❌❌
Hororလေးကြိမ်မြောက်ရေးသားခြင်း။ Psycho BL Fiction 🚫🚷🚫🚫 သစ္စာတရားကိုမျက်ကွယ်ပြုထားတက်ရင်တော့လည်း ပစ်ဒဏ်တစ်ခုတော့ ပြန်ရလိမ့်မယ် ဘယ်သူမှ မင်းအပေါ် အပစ်မချမှတ်ခင် ကိုယ်ကိုတိုင် မင်းကိုစီရင်ပေးပါရစေ သိပ်ချစ်လို့ပါ ငယ်.... အတ္တကြီးတက်တဲ့ကိုယ်က ငါမှအပိုင်မရ...