Part ( 24 )

2.1K 143 5
                                    

💀❌ Direction Of The Mind 💀❌

လိုက်ကာအဖြူတွေကြားမှ အလင်းရောင်တချို့က ဖြာဝင်နေသည် ဆောင်းဝင်စပေမဲ့ ပြည်မြို့ရဲ့ အပူရှိန်ကတော့ ပူမြဲပူတုန်းပါပဲ.. အချိန်ကမစောတော့ပေ..10:35AM ဆေးရုံ
ကုတင်ပေါ်မှာလှဲလျောင်းနေတဲ့ စက်ခွန်ကတော့ အခုထိ သတိမရသေးပေမဲ့ သူ့ရဲ့ဘေးပတ်လည်မှာ ရပ်စောင့်နေကြတဲ့ သူ့တွေ စိုးရိမ်နေကြတဲ့ သူတချို့ကတော့ ရှိနေသည်။
ဦးမွန်စက် နှင့် အောင် ကတဖက်တွင်ထိုင်နေ၍ မိုးညကတော့ စက်ခွန်ရဲ့ ညာဘက်မှာ ဝမ်းနည်းရိပ်ပေါ်စွာ ထိုင်နေခဲ့ကြသည်။သူတို့တွေ စက်ခွန် နိုးလာမည့်အချိန်ကိုစောင့်နေကြသော်လည်း လဲလျောင်းနေမြဲ စက်ခွန်ကတော့ အေးအေးလူလူအိပ်နေခဲ့လေရဲ့...

စက်ခွန်ရဲ့ ညာလက်ခုံလေးကို ဖွဖွလေးအုပ်ကိုင်ထားသော မိုးည သည်စိတ်မကောင်းချင်းများစွာဖြင့် စက်ခွန်ရဲ့ မျက်နှာလေးကိုကြည့်နေခဲ့၏ တခြားသူတွေ အမြင်မှာတော့မိုးညဟာ စက်ခွန်သတိရမလာသေးသည့် အတွက် အရမ်းစိုးရိမ်နေပုံပေါက်နေကောင်းပေါက်နေလိမ့်မည်။ သို့ပေမဲ့ လူတွေမမြင်နိုင်တဲ့ တခြား တဖက်မှာ.... ပါးချိုင့်လေးခွက်ဝင်နေသည့်အထိပြုံးနေမယ်ဆိုတာ _____

မီးကိုလာထိလို့ မီးလောင်ခံလိုက်ရတာပါတချို့ပြသာနာတွေက သူများတွေတကူးတကလာပေးတာမဟုတ်ဘူးစက်ခွန်ရဲ့
မင်းကိုယ်တိုင်ပဲကျေကျေနပ်ကြီးသယ်သွားတာမလား အဟွန်းး သေလိုက်တော့စက်ခွန် မင်းပြန်မလာခဲ့နဲ့တော့တစ်သက်စာအတွက်လေဒီနေရာမှာပဲနှုတ်ဆက်ချင်တယ်သူငယ်ချင်းအဟွန်းး ငယ့်ကိုငါတစ်ယောက်ထဲပိုင်ဆိုင်လို့ရပြီ ဒီမှာပဲရပ်လိုက်ကြတာပေါ့နော်မင်းလဲပြန်မလာရင် သူငယ်ချင်းဆိုတဲ့ငါတို့ကြားက ကြိုးတစ်ချောင်းက ဒီလိုလေးပဲရှိနေမှာ ငါမင်း အတွက်လဲ စိတ်မကောင်းပါဘူးကွာ..တခုပဲ ငါ့ကိုတော့ မျှော်လင့်ချက်လေး ပြတ်သွားအောင်မလုပ်မိစေပါနဲ့သူငယ်ချင်းး
မင်းမသိသေးတဲ့ငါ့အကြောင်းတွေအများကြီးရှိသေးလို့ မင်းသာငါတို့ဆီပြန်လာရင် ငါက မင်းကို ဒီထက်ပိုနာကျင်အောင် လုပ်မိလိမ့်မယ်တောင်းဆိုတယ်စက်ခွန် ကျေးဇူးပြုပြီးးအဝေးဆုံးကိုထွက်သွားလိုက်ပါတော့...

DIRECTION OF TĤĒ MINĐ ❌❌Where stories live. Discover now