Part(37)

1.6K 101 15
                                    

ချိန်းဆိုထားသည့်နေရာကို စက်ခွန်ရောက်နေခဲ့သည်မှာ ယခုဆို နာရီဝက်လောက်တော့ရှိရော့မည်။ရောက်မလာသေးသူကိုစောင့်ဆိုင်းရင်း ကုက္ကိုပင်ကြီးအောက်မှာရပ်နေသော စက်ခွန်ဟာ လက်ကနာရီကို တကြည့်ကြည့်..တိုးတိုက်လာတဲ့ လေအေးတွေက ဝတ်လာတဲ့အနွေးထည်ထူထူကိုဖြတ်ကာ အသားထဲထိ စိမ့်စိမ့်ဝင်လာလေရဲ့ တချက်တချက် ကြက်သီးမွှေးလေးတွေတောင် ထလာနေမိသည်အထိ ချိန်းဆိုထားသူကို စောင့်နေဆဲပဲ..ခဏအကြာ မလှမ်းမကမ်းဟိုအဝေးတနေရာတွင်ခဲရောင်ကားတစ်စီး ထိုးရပ်သွားတာမြင်ရလိမ့်မည်..ကားထဲက ထွက်လာသူက အုပ်ထုပ်အနက်ကိုခေါင်းငိုက်စိုက်ဆောင်းထားပြီး မျက်နှာတွင်လဲ mask အနက်ရောင်ကဖုံးအုပ်ထားသည်။ ကြည့်ရတာ ငါ့ဆီလျှောက်လှမ်းလာတဲ့သူက ငါ့ကိုကူညီမယ့်သူ အကူညီဖြစ်စေလိမ့်မယ်လို့ ပြောခဲ့တဲ့သူ ပဲဖစ်လိမ့်မယ်..
မိုးပြာရောင် လည်ပိတ်ဆွယ်တာ ကိုအောက်မှ ဝတ်ဆင်ထားကာ အပေါ်မှကုတ်အရှည်ပြောင်ပြောင်အနက်ကို ထပ်ဝတ်ထားသည်။ စတိုင်ပင်ဘောင်းဘီအနက်နှင့်သေချာသပ်ရပ်စွာ သူက စတိုင်ရှိစွာနှင့် ကုတ်အိင်္ကျီအိပ်ကတ် ထဲလက်ထည့်ကာစက်ခွန်ရှိရာဆီ လျှောက်လှမ်းလာသည်။ ငါခန့်မှန်းထားတာနဲ့တော့ သူကအနည်းငယ်ကွဲလွဲနေခဲ့တယ်..ငါ့ထင်ကြေးပေးရရင်သူက အထက်တန်းစားဆန်နေခဲ့တာပဲ..

" ကျွန်တော့မှာပြင်ဆင်စရာလေးတွေရှိနေလို့ နည်းနည်းနောက်ကျသွားတယ် sry ပါနော် စာရေးဆရာ "

" ငါ့ကို ကူညီနိုင်မယ်ဆိုတာ ဘာလဲ "

" အဟင်း ကောင်းပြီလေ လိုရင်းပဲပြောကြတာပေါ့ ရော့ "

ကမ်းပေးလာတဲ့ memory stick တစ်ခုကိုလက်လွှဲယူလိုက်ပြီး နားမလည်သလို ကြည့်မိတော့

" အဲ့stick ထဲမှာ ခင်များလိုချင်တဲ့အသံဖိုင်တစ်ခုပါတယ် အဲ့ဒါကိုကြည့်ပြီးရင်တော့  ကျွန်တော်နဲ့ ခင်များပူးပေါင်းမှဖြစ်မယ် "

" ငါမင်းကို ဘယ်လိုယုံရမှာလဲ "

" စာရေးဆရာလည်း ကျွန်တော့်အကူညီကိုလိုသလို ကျွန်တော်ဘက်ကလည်းခင်များကူညီမယ့်ကိစ္စမို့လို့ အပြန်အလှန်ယုံကြည်ရတဲ့ ခင်များကိုမှ ကျွန်တော်ရွေးချယ်ခဲ့တာဘာလို့လဲသိလား "

DIRECTION OF TĤĒ MINĐ ❌❌Hikayelerin yaşadığı yer. Şimdi keşfedin