UL 12 # Yoongi is mine

1.3K 104 21
                                    

Unicode Version

++++++++++++++

"ခွမ်း"

SJ : ဘာဖြစ်တာလဲ Jimin

Company ကပြန်ရောက်ပြီး SJ နားနေရာမှ Jimin အခန်းထဲက အသံကြောင့် အပြေးအလွှားသွားကြည့်တော့ ကြေမွနေတဲ့ ဓာတ်ပုံဘောင်လေးတစ်ခုနားမှာ Jimin ကငုတ်တုတ်လေး

Jimin : Hyung

SJ : ဘယ်လိုဖြစ်တာလဲ Jimin

Jimin : Yoongi နဲ့ Yoon လေးပုံကျကွဲသွားတယ် တိုက်လဲမတိုက်မိပဲနဲ့ တခုခုများဖြစ်လို့လားမသိဘူး Hyung

ကျွန်တော့်စိတ်တွေလေးလိုက်တာ

SJ : Jimin ရယ် စိတ်ထင်လို့ပါ မဟုတ်တာတွေလျှောက်တွေးမနေနဲ့ ခုလောက်ဆို သူတို့သားအဖပျော်တောင်နေလောက်ပြီ ဟော အရှေ့တံခါးမှမပိတ်ထားတာ လေတိုက်တော့ ကျကွဲတာပါ ဘာမှမဟုတ်ဘူး Jimin စိတ်ကြည်သွားအောင် Coffee ဖြစ်ဖြစ်သွားသောက်လိုက် ဒါတွေ Hyung ရှင်းလိုက်မယ် သွားသွား

Jimin ထွက်သွားပြီး ဖန်ကွဲစတွေရှင်းနေတုန်း

"ခွပ်"

SJ မီးဖိုချောင်ထဲက အသံကြားလို့ ထွက်ကြည့်တော့ ဖျော်လိုက်စ Coffee ခွက်ရယ် ကြမ်းပြင်ပေါ်ကျနေတဲ့ ပြောလက်စ ဖုန်းရယ် တခုခုကိုထိတ်လန့်ပြီး ကျောက်ရုပ်ကြီးလိုဖြစ်နေတဲ့ Jimin ရယ်

SJ : Jimin ဘာဖြစ်တာလဲ

Jimin : Hyung

SJ : အေး ဘာဖြစ်တာလဲ Jimin သတိထားဦး ဘာဖြစ်တာလဲ ဟင်

Jimin : Yoongi Yoongi Hyung Yoongi

SJ : Yoongi ဘာဖြစ်လို့လဲ ဟာ ဒီကောင်လေးကတော့

Yoongi နာမည်သာ တဖွဖွရွတ်ပြီး ဘာမှမေးမရတဲ့ကောင်လေးကို SJ စိတ်မရှည်ချင်တော့

"Hello Hello"

SJ : nae ပြောပါခင်ဗျ ဘယ်ကဆက်တာလဲ ခင်ဗျ

"nae Seoul Hospital ကဆက်တာပါ MinYoongi Car Accident ဖြစ်လို့ ဆေးရုံရောက်နေပါတယ် သူနဲ့အတူ ကလေးတစ်ယောက်လဲပါတယ် ဒဏ်ရာပြင်းပါတယ် ဖြစ်နိုင်ရင် အမြန်ဆုံးလာခဲ့ပေးပါ လူနာရဲ့ ဖုန်းထဲမှာ ဒီနံပါတ်ကို အရင်ဆုံးတွေ့လို့ ဆက်လိုက်တာပါ"

SJ : ဗျာ nae nae ကျွန်တော်တို့အမြန်ဆုံးလာခဲ့ပါ့မယ်

Jimin : Hyung Yoon လေး ကျွန်တော့်သားလေး

UNBREAKABLE LOVE [Completed]Where stories live. Discover now