UL 8 # You're Mine Babe

1.3K 112 10
                                    

Unicode
========
"ဒေါက် ဒေါက်"

Yoongi: ဝင်ခဲ့ပါ

"CEO Min ဒီနေ့ Star Fashion Company ကို Director အစည်းအဝေးတက်ဖို့ သွားရပါမယ်"

Yoongi: ကောင်းပြီ မင်းလိုက်မှာမလား

"ကျွန်မက ဒီနေ့ Director Kim နဲ့ စက်ရုံကိုသွားဖို့လုပ်ထားပါတယ် CEO တစ်ယောက်ပဲ သွားရလိမ့်မယ်ထင်တယ်"

Yoongi: ok လေ Driver Won ကို ကားပြင်ခိုင်းထားလိုက် Meeting က ၁၀ နာရီမလား ကားအဆင်သင့်ဖြစ်ရင်သွားမယ်

"ဟုတ်ကဲ့ ကျွန်မအခုပဲ ပြင်ခိုင်းထားလိုက်ပါ့မယ်"

Yoongi: ကောင်းပြီ

Secretary ပြန်ထွက်သွားပြီးနောက် Yoongi Meeting တက်ဖို့ ပြင်တယ် သူ့အတွက်နေ့တိုင်း အလုပ်ကိုပဲစိတ်နှစ်ပြီးဖြတ်သန်းနေရတာ တခါတလေ စိတ်ပျက်ဖို့ကောင်းတယ် သဘောထားမတိုက်ဆိုင်တဲ့ သူတို့အိမ်ထောင်ရေးကလဲ အဆင်မပြေခဲ့ အခန်းခွဲအိပ်တာကြောင့် NoAr ဘယ်ချိန်ပြန်ရောက်လဲဘယ်ချိန်ပြန်ထွက်လဲဆိုတာ သူမသိ စိတ်လဲမဝင်စား မေးလဲမမေးဖြစ် သူ့အတွေးတွေမှာ အချိန်ပြည့် ကလေးတစ်ယောက်သာ စိုးမိုးနေခဲ့တယ်

"ကလေးငယ်ရေ ဘယ်ချိန်မှပြန်လာမှာလဲကွာ မင်းမရှိတဲ့မနက်ခင်းတွေကို နိုးထရတာ အိပ်မက်ဆိုးလိုပဲ ကိုယ်ဘယ်တော့မှလွတ်မြောက်မှာလဲ ကိုယ့်ဆီပြန်လာပါတော့ကွာ ကလေးငယ်ရဲ့အပြုံးတွေကို လွမ်းလွန်းလို့ ကိုယ်ရူးရတော့မယ်"

တကယ်ပါ တစ်က္ကန့်ရဲ့ ဆယ်ပုံတစ်ပုံတောင် ကလေးငယ်ကို မေ့ပစ်ဖို့မစဥ်းစားခဲ့ အရင်ဆို Meeting ရှိတယ်ဆိုတာနဲ့ ပုံမှန်ဝတ်နေကျထက်ပိုပြီး စမတ်ကျတဲ့အဝတ်အစားကိုရွေးချယ်ထုတ်ပေးတတ်တဲ့ကလေး နက်ကတိုင်ကို ကိုယ်တိုင်စည်းပေးတတ်တဲ့ကလေး ခုတော့.....

"ကလေးမရှိတဲ့ဘဝက ရေသောက်ရတာတောင်အဆင်မပြေတာမို့ အကြာကြီးစိတ်ကောက်မနေတော့ပဲ ကိုယ့်ဆီပြန်လာပြီး ကိုယ့်ရင်ဘတ်ကြီးကိုဒေါသတကြီးလာထုပါတော့ကွာ ကလေးစိတ်ပြေအောင် ကိုယ်က အစွမ်းကုန်ချော့မှာမို့"

"CEO ကားအဆင်သင့်ဖြစ်ပါပြီ"

Yoongi: OK

At Sky Fashion Company>>>>>>

UNBREAKABLE LOVE [Completed]Donde viven las historias. Descúbrelo ahora