UL 10 # You Know I Know💛💛

1.3K 124 22
                                    

Unicode
=======

"လူနာက စိုးရိမ်စရာမရှိတော့ပါဘူး အလုပ်ပင်ပန်းတာကြောင့် အားနည်းသွားတာပါ အခုတော့ဆေးသွင်းပေးထားပါတယ် ဆေးကုန်လို့ပြန်ခေါ်သွားချင်ရင် ခေါ်သွားလို့ရပါပြီ"

Yoongi: nae Dr. သူ ဘာဖြစ်တာလဲ စိုးရိမ်ရလား

"နည်းနည်းတော့ပြောရခက်တယ် လောလောဆယ်တော့စိုးရိမ်စရာမရှိပေမယ့် စိတ်ချရတဲ့အခြေအနေတော့မဟုတ်ဘူးဗျ လူနာ ခံစားနေရတဲ့ ရောဂါမျိုးက အတူနေတဲ့သူက ဂရုစိုက်ရတဲ့ရောဂါမျိုး ဒါနဲ့ ခင်ဗျားက သူနဲ့ဘာတော်လဲ"

Yoongi: ကျွန်တော် ကျွန်တော်က သူ့အစ်ကိုပါ

"အော် ကလေးက သူ့ကလေးလား"

Yoongi: nae Dr.  သူ့အခြေအနေလေး ကျွန်တော့်ကိုပြောပြပါ

"လူနာက Tension illness ခံစားနေရတာပါ"

Yoongi: Tension illness ဟုတ်လား Dr.  အဲဒါက အသက်အန္တရာယ်စိုးရိမ်ရလား

"အဲလောက်ထိတော့မစိုးရိမ်ရပါဘူး ဒီရောဂါမျိုးက စိတ်ဖိစီးမှုများရင်ဖြစ်တတ်တဲ့ရောဂါပါ ကျွန်တော်တို့အားလုံးတစ်မျိုးမဟုတ်တစ်မျိုးတော့ စိတ်ဖိစီးတတ်ကြတာပဲ ဒါပေမယ့် ခံနိုင်ရည်ရှိတဲ့သူအတွက်ကတော့ကိစ္စမရှိဘူး လူနာကတော့ အတော်အားနည်းပုံရတယ် ငယ်ငယ်က ခံစားခဲ့ရတာတွေများတယ်ထင်တယ် နဂိုကလဲအားနည်းတတ်သူဆိုတော့ ဒီရောဂါကိုခံနိုင်ရည်စွမ်းမရှိတာပေါ့"

Yoongi: သူ့မှာဒီရောဂါရှိတာ ကျွန်တော်မသိဘူး Dr.

"ဖြစ်တတ်ပါတယ် ကာယကံရှင်ကဖွင့်မပြောရင်သိဖို့ခက်တဲ့ရောဂါမျိုးပဲ တခါတလေ ကာယကံရှင်ကိုယ်တိုင်မသိတာလဲ ဖြစ်နိုင်တယ် ဘာဖြစ်လို့လဲဆို သူကပုံမှန် illness လို လက္ခဏာမျိုးပဲ ပြတတ်တာ အခုကတော့ အနားမှာ ကြည့်မယ့်သူမရှိလို့ လဲကျတဲ့အထိ ဖြစ်သွားတဲ့အခြေအနေပါ သူပုံမှန် ဖျားတာမျိုးတွေဘာတွေရှိတတ်လား"

Yoongi: အာ အမ် ကျွန်တော်တို့က တစ်အိမ်ဆီနေတာမို့

"အော် ဒါကြောင့်ဖြစ်ပါလိမ့်မယ် ဒီရောဂါမျိုးက ဖျားတယ် ခေါင်းကိုက်တယ် အသားတွေနာတယ် ဘာမှမလုပ်ချင်လောက်အောင် နုံးချိနေတတ်တယ် လူနာကသတိထားမိလို့နားလိုက်ရင်တော့ သက်သာနိုင်တယ် ဒါကို သတိမထားပဲ ပင်ပန်းတာတွေဆက်လုပ်မယ်ဆိုရင်တော့ ပိုဆိုးလာနိုင်တယ် အခုလိုပေါ့ လဲကျတဲ့အထိ အနားမှာလူရှိရင်တော့ ဂရုစိုက်လို့ရတာပေါ့ "

UNBREAKABLE LOVE [Completed]Tempat cerita menjadi hidup. Temukan sekarang