UL 15 # Marry Me???

1.3K 106 44
                                    

Unicode
=======

"သားလေး....Appa မရှိတုန်း လိမ်လိမ်မာမာနေနော်....GiGi ကိုအရမ်းမဆိုးရဘူးနော်"

"nae appa...."

"မတည့်တာတွေကို အတင်းပူဆာပြီး မစားရဘူး....ဂျီမများရဘူး....GiGi စိတ်ရှုပ်အောင်မလုပ်ရဘူးနော်...."

"nae....Appa ကလဲ သားကလိမ္မာပါတယ်....ဟုတ်တယ်မလား GiGi...."

"ဟုတ်သားပဲ Jiminie ရယ်....ကိုယ့်သားကလိမ္မာပါတယ်....Jiminie က စိတ်ဖြောင့်ဖြောင့်နဲ့လုပ်စရာရှိတာတွေပြီးအောင် လုပ်ခဲ့....ကျန်တာဘာမှစိတ်မပူနဲ့...."

"Yoongi လဲ ဆေးကိုမှန်မှန်သောက်ရမယ်နော်....နေကောင်းပြီဆိုပြီးတော့ပေါ့လို့မရဘူး....အချိန်မှန်သောက်....ဆေးသောက်ချိန်တိုင်း ကျွန်တော်ဖုန်းဆက်မှာ....မဟုတ်သေးဘူး Vcall ခေါ်မှာ....ဆေးသောက်ပြရမယ်နော်...."

"ဟုတ်"

"ပြီးတော့ အအေးခံလို့မရသေးဘူးနော်....ရေကိုစောစောနဲ့မြန်မြန်ချိုး....Yoongi ကြိုက်တဲ့ဟင်းတွေ ချက်ပြီး ရေခဲသတ္တာထဲထည့်ခဲ့တယ်။ စားခါနီး ပြန်နွှေးပေးဖို့ Arjima ကိုလဲ မှာခဲ့တယ်။များများစားနော်...."

"ဟုတ်"

"ပြီးတော့ သားကိုသိပ်အလိုမလိုက်နဲ့နော်....Yoongi အလိုလိုက်လွန်းလို့ ကျွန်တော့်စကားဆိုနားမထောင်ဘူး....ညအိပ်ရင်လဲ နွေးနွေးထွေးထွေးအိပ်နော်...."

"ဟုတ်"

"ပြီးတော့ အလုပ်ကိစ္စတွေဘာမှလျှောက်လုပ်မနေနဲ့နော်....မင်း လဲ သူလုပ်ချင်တယ်ဆိုတိုင်း ​​ပေးမလုပ်နဲ့နော်.....Tae...."

"ဟုတ်....အမ် ငါပါယောင်ကုန်ပြီ....ParkJimin ရယ် အရပ်ကပုသလောက် လျှာကရှည်လိုက်တာ....မင်းသွားမှာနှစ်ပတ်ထဲနော်....နှစ် ၂၀ သွားတယ်များထင်နေလား....အဲလောက်စိတ်မချလဲ မင်းမသွားနဲ့တော့ ငါပဲသွားလိုက်တော့မယ်...."

"အေးလေ....Tae ပြောလဲပြောချင်စရာပဲ....Yoongi လဲ ကလေးမှမဟုတ်တာ...သူ့ဘာသာ နေတတ်ပါတယ်....Yoon လေးက သူနဲ့ပိုတောင်အဆင်ပြေသေးတာကို....Yoongi မင်းကလဲ တဟုတ်ဟုတ်နဲ့ မြှောက်ပေးနေသလိုပဲနော်...."

"ချစ်တာကို....ဟီး"

"ကလေးမဟုတ်လို့ ပြောနေရတာပေါ့....Hyung တို့မသိပါဘူးဗျာ....ကျွန်တော်မရှိရင် လုပ်ချင်တာလုပ်နေမှာ....ခြေထောက်ကပြန်ကောင်းထားတာ မကြာသေးဘူး....ကျွန်တော်က နည်းနည်းလေးမှစိတ်ချတာမဟုတ်ဘူး....မသွားမဖြစ်လို့သာ သွားရတာ....Hyung က ကိုယ့်ဘာသာသွားလဲ ရနေတာကိုပဲ...."

UNBREAKABLE LOVE [Completed]Место, где живут истории. Откройте их для себя