UL 7 # Come Back Again!!!!

1.1K 109 10
                                    

Unicode Ver
+++++++++++

"ကျွန်မတို့ရဲ့ လေယာဥ်ဟာ အခုဆိုရင် Korea နိုင်ငံသို့ ထွက်ခွာနေပြီဖြစ်ပါသည် သာယာသောခရီးစဥ်လေးဖြစ်ပါစေ "

Korea ကနေ ထွက်ခွာခဲ့တာ အခုဆို ၆ နှစ်ရှိပြီ ဘယ်တော့မှ မပြန်တော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့်လဲ အခြေအနေတွေက မွေးရပ်မြေကို ပြန်ဖို့ အခွင့်ကြုံလာပြန်တယ် တကယ်တော့ ပြန်ချင်စိတ်နဲ့မပြန်ချင်စိတ်က အားပြိုင်နေတယ် နောက်တစ်ခါမနာကျင်ချင်တော့ဘူး အရင်ကလို သူတစ်ယောက်တည်းမဟုတ်တော့ဘူးလေ သူ့ရဲ့တစ်စုံတစ်ယောက်ကိုပါ နာကျင်ရတဲ့ အဖြစ်မျိုးတွေ မကြုံချင်တော့ဘူး ဒါပေမယ့် ၆နှစ်တိတိ နေ့စဥ် ရက်ဆက် လွမ်းနေခဲ့ရတဲ့မျက်နှာလေးကို မပိုင်ဆိုင်ရပေမယ့်လဲ တဝကြီးကြည့်ချင်သေးတယ် သူ့နှလုံးသားကို မမြင်ခဲ့တဲ့လူသား ခုကော မြင်နိုင်ဦးမလား သိချင်ခဲ့တယ် ဒါပေမယ့် ကိုယ့်ဘဝနဲ့ကိုယ်မို့ ဒီတိုင်းလေးကပိုကောင်းပါတယ်လေ

နာရီပေါင်းများစွာသွားရမယ့်ခရီးမို့ သူ့ဘေးနားက သူ့ဘဝရဲ့တစ်စုံတစ်ယောက်ကတော့ သူ့ပေါင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရှာပြီ အရေးပါသော နောက်တစ်ယောက်ကလဲ အိပ်မက်ကမ္ဘာထဲတောင်ရောက်နေလောက်ပြီ သူသာ မအိပ်နိုင်ပဲ အတွေးတွေက လွန်ခဲ့တဲ့ ၆နှစ် ဆီသို့.................

Flash Back>>>>>>>>>>>>>>>

Jimin's Pov:::::::

Yoongi ဆီကနေ ထွက်လာပြီးနောက် ကိုရီးယားမှာလဲ မနေချင် SJ Hyung ဆီလဲ မလိုက်သွားချင်တာနဲ့ ကြိုစီစဥ်ထားတဲ့အတိုင်း အရင်က နေဖူးတဲ့ Netherlands ကိုပဲသွားဖို့ ဆုံးဖြတ်လိုက်တယ် Netherlands မှာ 2 နှစ်လောက်ပဲ နေခဲ့ဖူးတာကြောင့် အိမ်နီးချင်းဖြစ်ခဲ့ဖူးတဲ့ ကိုရီးယားလူမျိုး အစ်မအလုပ်လုပ်တဲ့ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာမှာပဲ ခဏနေဖို့ဆုံးဖြတ်ထားတယ် အစ်မရင်းလို ဖြစ်နေတာကြောင့် နွေးနွေးထွေးထွေး ကြိုဆိုတဲ့အပြင် သူ့ကိုပါ အလုပ်ပေးခဲ့သေးတယ် အော် အစ်မနာမည်က OYuuRar တဲ့

Jimin အကြောင်းစုံပြောပြထားလို့ Noona က သူ့အပေါ်ဂရုဏာသက်တယ် သူ့ရှေ့မှာတင် ကလေးတစ်ယောက်လို ဖြူစင်လွန်းတဲ့ ကောင်လေးက ဘာလို့ဒီလိုအဖြစ်ဆိုးတွေ ကြုံခဲ့ရလဲ မတွေးတတ်အောင်ပဲ လူတိုင်းအပေါ် သနားတတ်တဲ့ Jimin က တကယ့်နတ်သားလေးလိုပဲ ခုတော့အရွယ်နဲ့မလိုက်အောင် ဒုက္ခတွေခံစားနေရတယ်

UNBREAKABLE LOVE [Completed]Where stories live. Discover now