UL 9# Give Me A Chance Babe💛

1.3K 124 7
                                    

Unicode
========

"99.99%"

"သွေးသားတော်စပ်မှုရှိပါသည်"

"MinYoonGi & ParkYoonMin တို့သည် သွေးသားတော်စပ်မှု 99.99%"

ကမ္ဘာပေါ်မှာ သေလောက်အောင်ပျော်နေသောလူသားကို ရှာကြည့်ပါဆိုလျှင် MinYoongi ပင်ဖြစ်မည်

စာရွက်တစ်ရွက်ကို ကိုင်ပြီး မျက်ရည်မထိန်းနိုင်အောင် ငိုကြွေးနေသောလူသားသည်လဲ MinYoonGi ပင် ရှိလိမ့်မယ်

ဟုတ်ပါသည် သူငယ်ချင်းအပေါင်းရဲ့ ကူညီဖေးမမှုဖြင့် Yoon လေးနှင့်သူ ရဲ့တော်စပ်မှုကို DNA စစ်ဆေးခဲ့ရာ နောက်ဆုံးတော့ သူထင်ခဲ့သလိုပင် Yoon လေးက သူ့ရဲ့ သွေးသားရင်းပင်

ဆေးစစ်ချက်ကိုကြည့်ပြီးပြီးခြင်း Yoongi မျက်ရည်များမထိန်းနိုင်ခဲ့ ယောကျာ်းရင့်မာကြီးတန်မယ့် ကလေးတစ်ယောက်လို ငိုကြွေးနေသည်ဟု ကဲ့ရဲ့လဲကဲ့ရဲ့ကြပါစေ နောက်ဆုံးတော့ သူလိုချင်ခဲ့သော သွေးသားဆိုသောအရာကို ရခဲ့ပြီ ပြီးတော့ သူသိပ်မြတ်နိုးသောလူသားနဲ့

ဒါပေမယ့် သူ့အတွက်မဟုတ်တာတော့ဝမ်းနည်းဖို့ကောင်းလွန်းလှသည် ဆေးစ်ချက်မထွက်မချင်း တော်စပ်မှုရှိပါစေဟု ဆု​တောင်းရတာလဲ အကြိမ်ပေါင်းမနည်းခဲ့ ဒီကလေးကို သူမြင်မြင်ချင်းချစ်လွန်းလှသည် ပြီးတော့ ခုမှအလင်းရောင်ကိုပြန်တွေ့ရတဲ့လူသားတစ်ယောက်လို

"ကလေးငယ် ကိုယ့်ကိုဒီလောက်တောင်ချစ်ခဲ့သလား ကိုယ့်လိုအသုံးမကျတဲ့ကောင်ကို ကလေးငယ်ရဲ့အချစ်နဲ့မထိုက်တန်တဲ့ကောင်ကို"

အခုတော့ဘာလုပ်သင့်သလဲ အခြေအနေတွေက ရှုပ်ထွေးလွန်းလှသည် Yoongi ကိုယ်တိုင် မလူးသာမလှုပ်သာ ပြီးတော့ ကလေးငယ်ကို ထပ်ပြီးထိခိုက်မှာလဲ မလိုလား နောက် သူ့ရဲ့သားလေး

နောက်ဆုံးတော့ သူ့ရဲ့ဦးတည်ချက်တွေက ကလေးငယ်ဆီ...........

Jimin's POV>>>>>>>>>>>>>>

World Fashion ပွဲတစ်ခုလုံးအဓိကတာဝန်ယူထားရသော Designer တစ်ယောက်အနေနဲ့ ပင်ပန်းလွန်းသည် စရောက်ထဲက စိတ်ပန်းလူပန်းနဲ့ တစ်ချက်မှမနားရသေး SJ Hyung ကော သူကော အလုပ်များလှသည်မို့ Yoon လေးကို သေချာမကြည့်နိုင် တော်သေးတယ် JK က ခေါ်ခေါ်ကြည့်ပေးနေတာ ကျေးဇူးတင်ရမည်

UNBREAKABLE LOVE [Completed]Место, где живут истории. Откройте их для себя