UL 2 # Love U More Than I Can Say

1.1K 119 6
                                    

"ဘယ်လို လက်ထပ်ရမယ် ဟုတ်လား အဘွား"

အဘွားနဲ့ Yoongi Hyung ရဲ့ မိသားစုဆွေးနွေးပွဲကြားမှာ Tae တစ်ယောက် မလှုပ်မယှက်ထိုင်နေမိတယ် Yoongi Hyung အံ့သြတာမပြောနဲ့ ဒီသတင်းကြားတော့ Tae တောင် အတော် Shock ရသွားခဲ့တယ် ဒါကြောင့်ဘာမှလဲမပြောနိုင်ပဲ ထိုင်ပဲနားထောင်နေမိတယ်

Grandma: ဟုတ်တယ် မြေး လက်ထပ်ရမယ်

Yoongi: မဖြစ်နိုင်တာ အဘွားရယ် မနောက်ပါနဲ့

GM: အဘွားမှာ မြေးကို နောက်ရလောက်တဲ့ထိ အချိန်တွေပိုနေတယ်ထင်လို့လား

Yoongi: ဘယ်လိုအခြေအနေကြီးလဲ အဘွား ရုတ်တရက်လက်ထပ်ရမယ် ပြီးတော့ ကျွန်တော် လက်ထပ်ရမှာ ParkJimin ဘာလို့လဲ ဘာလို့ ParkJimin လဲ

GM: Jimin ကဘာဖြစ်နေလို့လဲ Jimin လေးက သူ့ရဲ့ကံကြောင့် ယောကျာ်းလေးဖြစ်နေတာကလွဲရင် မိန်းကလေးတစ်ယောက်မှာ ရှိသင့်တဲ့အရည်အချင်းတွေ အားလုံးရှိတယ် ရိုးသားတယ် စိတ်သဘောထားပြည့်ဝတယ် အကောင်းမြင်တတ်တယ် မိန်းကလေးတစ်ယောက်ရှုံးလောက်အောင်လဲ ချစ်ဖို့ကောင်းတယ် အိမ်မှုကိစ္စနိုင်နင်းတယ် အလုပ်မှကော Jimin ကြောင့် အဘွားတို့ Company ဘယ်လောက်အကျိုးအမြတ်တွေရခဲ့လဲ မြေးသိတာပဲ

Yoongi: အဲဒါနဲ့ပဲ ParkJimin က ကျွန်တော့်လက်တွဲဖော်ဖြစ်ရောလား သူကယောကျာ်းလေးတစ်ယောက်ဆိုတာကို အဘွား သတိထားဦး

GM: ယောကျာ်းလေးဖြစ်နေတော့ ဘာဖြစ်လဲ ကိုယ့်ရဲ့အိမ်ထောင်ဖက်က ကိုယ့်ကိုအများကြီးထောက်ပံ့နိုင်ဖို့ပဲလိုတာ မြေးက မကြာခင်လုပ်ငန်းကြီးတခုလုံးကို အုပ်ချုပ်ရမယ့်သူ မြေးနားမှာ Jimin လေးလို လက်တွဲဖော်လိုအပ်တယ် မြေးမှာ Jimin ကို လက်မခံနိုင်စရာ ဘာမှမရှိဘူး

Yoongi: ParkJimin က ကျွန်တော်ချစ်တဲ့သူမဟုတ်ဘူး ကျွန်တော်ချစ်တာ NoAr ကို ကျွန်တော့မှာ NoAr ရှိတာသိသားနဲ့ အဘွား ဘာလို့စီစဥ်တာလဲ

GM: ဖြူစင်လို့ Jimin လေးက အရမ်းကိုဖြူစင်တဲ့ကလေးမို့ မြေးသိပ်ချစ်တဲ့မိန်းကလေးမှာမရှိတဲ့ အရာ Jimin လေးမှာ အားလုံးရှိနေလို့

Yoongi: ဒါဆို ကျွန်တော့်နှလုံးသားကကော အရေးမပါဘူးလား ကျွန်တော့် ချစ်တဲ့သူကို ထားခဲ့ပြီး ကျွန်တော့်မချစ်တဲ့ကောင်ကို လက်ထပ်ရမယ်တဲ့လား

UNBREAKABLE LOVE [Completed]Hikayelerin yaşadığı yer. Şimdi keşfedin