UL 5 # I love you but I will leave

1.2K 105 4
                                    

Unicode Ver
+++++++++++

Flash back>>>>>>

Yoongi's Pov:::::::::
ကျွန်တော် NoAr ဆီက ဖုန်းရပြီး သူမတိုက်ခန်းကိုထွက်လာခဲ့တယ် နေမကောင်းတဲ့ Jimin ကို တစ်ယောက်တည်းထားခဲ့ရတာ စိတ်မချပေမယ့် ကျွန်တော်စခဲ့တဲ့ ဇာတ်လမ်းကို ကျွန်တော် အဆုံးသတ်သင့်ပြီ

"ခဏပဲစောင့်ပါ ကလေးရယ် ကိုယ်အားလုံးကိုအပြတ်ဖြတ်ပြီး ကလေးနားမှာပဲ နေပါတော့မယ်"

ကလေး ဟုတ်တယ် အဲနာမ်စားလေးကို ကျွန်တော့်ရဲ့ ဟိုးနှလုံးသားနက်နက်လေးထဲ ထည့်သိမ်းထားခဲ့တာ သူနဲ့စတွေ့ထဲကလို့ ပြောရင် ယုံမှာမဟုတ်ဘူး ကျွန်တော့နှလုံးသားကို ကျွန်တော်နားမလည်ပဲ အဲနာမ်စားလေးကို ကျွန်တော်ထည့်သိမ်းထားခဲ့တာ ကြာပါပြီ ခုတော့ ထုတ်သုံးရတော့မယ်

ကျွန်တော့်ရဲ့ မပွင့်မလင်းတဲ့ စိတ်ကြောင့် Jimin အပေါ်ထားတဲ့ စိတ်ကို ဖွင့်မပြခဲ့ဘူး အမြဲနာကျင်အောင်ပဲ လုပ်ခဲ့မိတယ် ကျွန်တော်ထင်ခဲ့တာ Jimin အပေါ်စိတ်ကစားခဲ့တာ ဒါကြောင့် NoAr ကို ကျွန်တော်တွဲခဲ့တာ နောက်တော့ NoAr ရဲ့ အလှမာယာတောထဲ ကျွန်တော် ရုန်းမထွက်နိုင်ခဲ့ဘူး ကျွန်တော်အထင်မှားမိတာ NoAr ကို ကျွန်တော် တကယ်ချစ်သွားပြီ ထင်ခဲ့တာ Jimin နဲ့လက်ထပ်ပြီးတဲ့နောက် Jimin ကျွန်တော့်အပေါ်ကြင်နာယုယမှု ဂရုစိုက်မှုတွေကြောင့် ကျွန်တော့်ရဲ့နှလုံးသားလေး တဖြေးဖြေး အရည်ပျော်လာခဲ့တယ် ဝန်ခံလိုက်ချင်ပေမယ့် NoAr နဲ့ကျွန်တော်ရဲ့ ချစ်သူ့ဘဝထက် ကျော်လွန်ခဲ့မိတဲ့အခြေအနေတွေကြောင့် ကျွန်တော်ရုန်းမရခဲ့ဘူး ခုတော့ ကျွန်တော် ပြတ်ပြတ်သားသားလုပ်ခွင့်ရပြီ ထင်ပါတယ်
အရာအားလုံးအဆင်ပြေချင်တယ် ကလေးရယ်
ကိုယ့်ကြောင့်နာကျင်ခဲ့ရတဲ့ ကလေးကို တင်းနေအောင် ပွေ့ဖက်ထားချင်တယ်

NoAr တိုက်ခန်းတော့ရောက်ပြီ သူက sexy ကျကျ ညဝတ်ဂါဝန်ကြီးနဲ့ ကျွန်တော့်ကို စောင့်နေတယ် လှပါတယ် HanNoAr တစ်ချိန်က ငါယစ်မူးခဲ့ဖူးတယ် ဒါပေမယ့် ခုချိန်မှာ မင်းရဲ့ အလှက  အိမ်မှာဆို  Arjima ဘောင်းဘီပွပွ တီရှပ်ပွပွ နဲ့နေတတ်တဲ့ ငါ့ကလေးလောက် ချစ်ဖို့မကောင်းဘူး ပြီးတော့ ရီဝေနေတဲ့မင်းမျက်လုံးတွေက ငါ့ကလေးလောက်မဖြူစင်ဘူး

UNBREAKABLE LOVE [Completed]Where stories live. Discover now