UL 3 # Love but Pain

1.1K 106 7
                                    

Unicode Ver
+++++++++++

After 5 Months Later..........

Yoongi's Pov::::::
ကျွန်တော့်သဘောမပါခဲ့တဲ့ လက်ထပ်ပွဲပြီးမြောက်ခဲ့တာ ခုဆို ၅လ ရှိပြီ ParkJimin နဲ့ ကျွန်တော်ရဲ့ ဆက်ဆံရေးကတော့ အရင်တိုင်း ထူးမခြားနားပါပဲ မိသားစုလောက်ပဲအသိပေးပြီးလက်ထပ်ခဲ့တာကြောင့် Company ကလဲ ကျွန်တော်တို့ လက်ထပ်ထားတယ် ဆိုတာ ဘယ်သူမှမသိခဲ့ဘူး သူကလဲ ကျွန်တော်ပြောထားသလိုပဲ CEO တစ်ယောက်လိုကလွဲလို့ ပိုင်ဆိုင်ကြောင်း မာန်တက်မပြခဲ့ဘူး အဲဒါလေးကတော့ ParkJimin ကို ကျွန်တော်ချီးကျူးတယ်

ပြောရရင်တော့ အဲတစ်ခုထဲ ချီးကျူးစရာတော့မဟုတ်ခဲ့ဘူး ကျွန်တော်သူ့ကို တမင်ပင်ပန်းစေချင်လို့ ကျွန်တော်တို့အိမ်မှာ ဘယ်အလုပ်သမားမှခေါ်မထားခဲ့ဘူး ယောကျာ်းလေးနှစ်ယောက်တည်းနေတဲ့ အိမ်ကြီး ဖရိုဖရဲ ဖြစ်နေလိမ့်မယ်လို့ထင်ရင်မှားသွားမယ် Jimin ကမနက်ဆို ကျွန်တော်မနိုးခင် အစောကြီးထပြီး တစ်အိမ်လုံးအိမ်သန့်ရှင်းရေး လုပ်တယ် ခြံထဲမှာ သူစိုက်ထားတဲ့ပန်းပင်တွေရေလောင်းတယ် အရာရာမှာတော်လွန်းတဲ့ Jimin က ပန်းပင်စိုက်တော့လဲ လှလိုက်တာ ပန်းခင်းကြီးကျလို့ နေ့တိုင်းပြုစုယုယပေးတယ် ကျွန်တော့်ကားကို နေ့တိုင်းဆေးပေးတယ် ပြီးတော့ ကျွန်တော့်အချစ်လေး Holly ကို အစာကျွေး သန့်ရှင်းပေး ပြီးတာနဲ့ မနက်စာပြင်ဆင် ဟင်းဆို နေ့တိုင်းဖွယ်ဖွယ်ရာရာ အဲဒါတွေပြီးမှ ကျွန်တော်ကနိုးတာ ကျွန်တော်ရေချိုးနေတုန်း ဝတ်ဖို့အဝတ်အစား စီးဖို့ဖိနပ်ကအစ အဆင်သင့် ကျွန်တေယ်ဘာမှလုပ်စရာမလိုဘူး လုပ်ခွင့်လဲမပေးဘူး ပြီးတာနဲ့မနက်စာစား ကျွန်တော်က Company ကို ကိုယ့်ဘာသာသွားတယ် သူကတော့ ရထားစီးသွားတယ် ညနေဆိုလဲ သူကအရင်ပြန် ညစာချက်ထားပြီးသား အပြင်စာကိုသိပ်မစားတတ်တဲ့ကျွန်တော်က ParkJimin ရဲ့ အိမ်ချက်လက်ရာကိုပဲ နေ့တိုင်း မက်မက်မောမောစားတယ် ပိတ်ရက်ဆိုလဲ တစ်ပတ်လုံးအဝတ်အစားတွေလျှော် မီးပူတိုက် အိမ်သန့်ရှင်းရေးလုပ် မနားရဘူး ဒါတောင် သူက ဘယ်တော့မှပင်ပန်းတယ်လို့မငြီးဘူး တမင်ပြုံးနေတာမျိုး မဟုတ်ပေမယ့် အမြဲကြည်နေတဲ့မျက်နှာလေးက သူ့ရဲ့ဆွဲဆောင်မှုတစ်ခုလို့ပဲ ပြောရမလား

UNBREAKABLE LOVE [Completed]Donde viven las historias. Descúbrelo ahora