UL 1# Love but lie

1.7K 131 11
                                    

Unicode Ver
++++++++++++

Seoul မြို့ရဲ့ လူချမ်းသာတွေပဲ တက်ခွင့်ရှိတဲ့ နာမည်ကြီး Dream School

ဒီနေ့ Jimin တစ်ယောက် တက်ရမယ့် အတန်းချိန်များတာကြောင့် စာအုပ်တွေတပွေ့တပိုက်နဲ့ ကျောင်းထဲ အပြေးလေးဝင်လာချိန်မှာ ကျောင်းကော်ရစ်တာရဲ့အကွေ့အရောက်

Jimin: အာ့

အတန်းထဲရောက်ချင်စောနဲ့ လာလိုက်တာ ရှေ့ကလူကို မမြင်ပဲ ဝင်တိုက်မိပြီး စာအုပ်တွေလဲ ပြန့်ကြဲ လူလဲ ဖင်ထိုင်ရက်လဲကျ

Jimin မော့ကြည့်လိုက်တော့ ပခုံးကျယ်ကျယ်နဲ့ကြည့်ကောင်းလွန်းတဲ့လူတစ်ယောက် သူ့ကို အားနာစိတ်နဲ့ ငုံ့ကြည့်နေတယ်

Jimin's Pov:

ဒီလူကိုမမြင်ဖူးပါဘူး ကျောင်းသားသစ်များလား ငါ့ထက်အတန်းကြီးထဲကဖြစ်ရမယ်

Boy: ဟိတ် မင်းအဆင်ပြေရဲ့လား ထနိုင်လား လာ လာ ကိုယ်ထူပေးမယ်

Jimin: Omm ရပါတယ် ကျွန်တော်အဆင်ပြေပါတယ်

Jimin ပြောရင်း ပြန့်ကြဲနေတဲ့သူ့စာအုပ်တွေကို လိုက်ကောက်တယ် ထိုလူကလဲ သူ့နဲ့အတူ လိုက်ကောက်ပေးတယ်

Boy: Miyanae ကိုယ် တက်ရမယ့်အတန်း လိုက်ရှာရင်းနဲ့ မင်းကို မမြင်လိုက်မိပဲ ဝင်တိုက်မိသွားတာ ကိုယ်တကယ် တောင်းပန်ပါတယ်

Jimin's Pov::::::

အိုး လူကတင် ကြည့်ကောင်းတာမဟုတ်ဘူး စကားပြောတာလဲ ယဉ်ကျေးလိုက်တာ

Jimin: ဟာ ရပါတယ် ကျွန်တော် အဆင်ပြေပါတယ် ကျွန်တော်လဲ အတန်းရောက်ချင်စောနဲ့ မမြင်လိုက်မိတာပါ ကျွန်တော်ကလဲ တောင်းပန်ပါတယ်

Boy: ဟား ဟုတ်ပါပြီ ကိုယ်တို့နှစ်ယောက်လုံးအမှားပဲထားပါတော့ ကိုယ့်နာမည် KimSeokJin ခုမှ ဒီကျောင်းကိုပြောင်းလာတဲ့ကျောင်းသားသစ်ပါ မင်းကကော

Jimin: ကျွန်တော်က ParkJimin ပါ အလယ်တန်းနောက်ဆုံးနှစ်တက်နေတာပါ

SeokJin: အလယ်တန်း နောက်ဆုံးနှစ်လား ကိုယ့်ထက်ငယ်တာပဲ ကိုယ်က အထက်တန်း ဒုတိယနှစ်တက်မှာ

Jimin: ဟာ အာ့ဆို Sanbae ပေါ့

SeokJin: ဘယ်ဟုတ်မလဲ မင်းကအရင်ဒီကျောင်းတက်နေတာဆိုတော့ ကိုယ်က Sanbae ဘယ်ဟုတ်မလဲ

UNBREAKABLE LOVE [Completed]Dove le storie prendono vita. Scoprilo ora