UL 4 # Pain but Love

1K 109 3
                                    

Unicode Ver
+++++++++++

Yoongi's Pov:::::::

"အား ခေါင်းတွေကိုက်လိုက်တာ"

Yoongi နိုးလာတော့ ညကသောက်ထားတဲ့အရှိန်ကြောင့် တော်တော်လေး ခေါင်းကိုက်နေတယ် ညက ဘာတွေဖြစ်ခဲ့လဲ သူမသိ သူ့အခန်းထဲဘယ်လို ရောက်နေမှန်းလဲမသိ ပြီးတော့ အဝတ်အစားတွေလဲထားတယ်

ဒါပေမယ့် အိပ်မက်လိုလို တကယ်လိုလို ခပ်ဝါးဝါးပုံရိပ်တွေကတော့ သူ့ခေါင်းထဲမှာ ပေါ်တချက်ပျောက်တချက်

"ဒေါက် ဒေါက်"

Jimin: Yoongi နိုးနေပြီလား ကျွန်တော်ဝင်လာမယ်နော်

Yoongi: ဝင်လာခဲ့ Jimin

Jimin: နိုးနေပြီလား နေလို့ကောင်းရဲ့လား ညကသောက်တာ များသွားတယ်ထင်တယ် ကျွန်တော်အမူးပြေဟင်းရည်ချက်ထားတယ် မြန်မြန်ရေချိုးပြီး လာစားလိုက်နော်

Yoongi: omm Jimin ညက ကိုယ်ဘာတွေဖြစ်ခဲ့တာလဲ ဒီကိုဘယ်လိုရောက်နေတာလဲ ကိုယ်ဘာမှမမှတ်မိဘူး

Jimin's Pov:::::::
ဘာမှမမှတ်မိဘူးတဲ့လား Yoongi ရယ် အင်းလေ မမှတ်မိတာက ပိုကောင်းပါတယ်လေ

Jimin: ညက အငှားယဥ်မောင်းက Yoongi ကိုလာပို့တာ ကျွန်တော်နဲ့သူတွဲပြီး Yoongi အခန်းထဲ ခေါ်လာတာ အဲအဝတ်အစားနဲ့အိပ်လို့မဖြစ်လို့ ကျွန်တော် အဝတ်အစားလဲပေးထားတာ

Yoongi: ဒါပဲလား Jimin ကိုယ်တို့ ကိုယ်တို့ ဘာဖြစ်ခဲ့ကြသေးလဲ

Jimin: ဘာမှမဖြစ်ပါဘူး Yoongi ကမူးလွန်းလို့ ထတောင်မထနိုင်ဘူး ကျွန်တော်အကျ်တောင်မနည်းလဲပေးရတာ ဟီးဟီး

လိမ်မယ် အဆုံးထိလိမ်မယ် အမှန်တရားက ပိုနာကျင်ရတယ်

Yoongi: အော် ကျေးဇူးပါ Jimin ကိုယ်ဒုက္ခပေးမိပြီ

Jimin: အာ ရပါတယ် မြန်မြန်ရေချိုးတော့ ဟင်းတွေအေးကုန်မယ် Company သွားဖို့လဲ နောက်ကျနေမယ် Yoongi

Yoongi: အာ့ဆို ကိုယ်ရေချိုးလိုက်ဦးမယ်

Jimin: nae ကျွန်တော် အဝတ်အစားထုတ်ထားလိုက်မယ် Yoongi

Yoongi: omm မင်းမရှိရင်တော့ ကိုယ်ဒါတွေလုပ်တတ်မှာမဟုတ်တော့ဘူး

UNBREAKABLE LOVE [Completed]Donde viven las historias. Descúbrelo ahora