အပိုင်း(၇)
သွေးညီနံ့တို့ဟာ တိုက်ခတ်လာသော လေညှင်းနှင့်အတူ နှာခေါင်းဝသို့ ကလီကျီစယ်နေသည်။ တဖြည်းဖြည်း သွေးနံ့ရသည့်နေရာဆီသို့ ရှင်းမင်အာရုံခံ၍ လျှောက်လှမ်းလာရင်း နီးစပ်လာတော့ သူရောက်နေသည့်နေရာမှာ လူသားတွေ နေထိုင်သော နေရာဖြစ်ကြောင်းသိရသည်။
မြေအောက်ဘုံတွင်နေထိုင်သော အချို့လူသားတို့လည်းရှိကြလေသည်။ သူတို့သည် မြေအောက်ဘုံသို့လာရောက်သည်အထိ စွမ်းအားရှိပေသော်လည်း ဒုက္ခပေးမည့်လူ မဟုတ်လေသောကြောင့် နေထိုင်ခွင့်ပြုထားလေသည်။ ဒုက္ခပေးမယ့် လူတွေကိုတော့ စစ်ဆေးပြီး ချေမှုန်းခဲ့လေသည်။
တဖြည်းဖြည်း သွေးနံ့တို့သည် နီးကပ်သည်အထိ နီးကပ်လာသည်။
ရှင်းမင်လည်း နောက်ဆုံးတော့ နေအိမ်တစ်ခု၏ တံခါ်းပေါက်ဝသို့ ရောက်သွားပြီး သူထင်သည့်အတိုင်း လူသားတွေနေသည့် နေအိမ်ပင်။
တံခါးရွတ်တို့တွင် ပေါက်ပြဲနေလေပြီး သွေးတို့အနည်းငယ်စွန်းထင်နေသည်။ သူလည်းမသကာင်္တော့သည်မို့ ဟထားပြီးဖြစ်နေသည့် တံခါးမှဝင်သွားလေသည်။
"ဒါတွေက..."
ရှင်းမင်အထဲမှ ပုံစံတို့်အားမြင်ပြီး ကြက်သေသေသွားသည်။ လူသားနှစ်ယောက်သည် သွေးပုံထဲတွင်လဲကျနေပြီး အသက်ဓာတ်တို့လည်း မရှိတော့ချေ။ မျက်နှာတစ်ပြင်လုံးဟာလည်း အဆိပ်တစ်ခုမိထားသောကြောင့် ပြာနှမ်းနေသည်။ ထိုလူနှစ်ယောက်၏မျက်နှာအား သူမြင်ဖူးလေသည်။
လွန်လေပြီးသော တစ်လလောက်က မြေအောက်ဘုံသို့ ရောက်လာသော လင်မယားနှစ်ယောက်ပင် ဖြစ်လေသည်။ ထိုလူနှစ်ယောက်အား သူသေချာစစ်ဆေးပြီးမှ နေခွင့်ပေးတာဖြစ်သည်။ သူတို့က အရင်ပြဿနာရှာမည် မဟုတ်မှန်းလည်း သူသိလေ၏။ ထို့အပြင်မကြာခဏဆိုသလို လူသားတွေ ချေမှုန်းခံရသည့်ကိစ္စမှာ သွေးရိုးသားရိုး မဖြစ်နိုင်ချေ။
ကြည့်ရတာ သူတော့ မင်းကြီးဆီကို လျှောက်တင်ရအုန်းမည် ထင်လေသည်။
ဘယ်လိုပဲ လူသားဖြစ်ဖြစ် သူတို့မြေအောက်ဘုံမှာ နေခွင့်ပေးထားသည့်အတွက် ပြဿနာတစ်ခုခုဖြစ်ပါက သူတို့နှင့်ဆိုင်သည် မဟုတ်လား။
YOU ARE READING
PortraitMaster(Complete)
Historical FictionGenre- Fantasy, Bl,Novel,twin,Oc Uni+Zaw ပုံရိပ်ယောင်တို့ ပုံတူတို့က အစစ်အမှန်တော့ ဘယ်ဟုတ်ပါ့မလဲ။ (အစ်ကိုတော်ရဲ့ခင်ပွန်းလောင်းက ကျွန်တော်ချစ်ရသူဖြစ်နေတယ်)