Chapter_28

97 8 0
                                    

အချိန်ကာလခေတ္တခဏကြာလေတော့မှ ယန်ကျန်းလီလည်း သူ၏အပေါ်ဝတ်စုံများအား ချွတ်လိုက်ကာ အောက်ခံဝတ်စုံကိုသာ ချန်လေပြီး ရေထဲသို့ ဝင်စိမ်လိုက်သည်။

ရေပူစမ်း၏အပူချိန်သည် မခံနိုင်အောင် ပူနေခြင်းမဟုတ်။ ယင်းက အနည်းငယ်မျှ နွေးနေသည်သာ ဖြစ်ကာ စိတ်ပင်ပန်းမှုများနှင့် ခန္ဓာကိုယ် နွမ်းနယ်ခြင်းတို့အား ဖြေလျော့စေနိုင်သည်။

"ကျန်းလီ မင်းသိလား..ကိုယ်မင်းကို အရင်ကတွေ့ဖူးသလိုပဲ"

မုချင်ရီက ကျောပေးထားလျက်၊ အဆက်စပ်မရှိ ဆိုလိုက်လေသည်။

မုချင်ရီ၏ စကားမှာ မည်သည်ကို ဆိုလိုသည်ကို ယန်ကန်းလီကား နားမလည်ချေ။ ' အရင်က' ဆိုသည်မှာ မည်သည့် အချိန်ကာလအား ပြောဆိုနေပါသနည်း..။ သူနှင့် မုချင်ရီ စစချင်းတွေ့သည်က သိပ်မကြာသေးပေ။ ထို့အတူ သူ၏ခန့်မှန်းခြေအရ အရင်ကလည်း မတွေ့ဖူးချေ။ ဤသည်ကို အရင်က တွေ့ဖူးသည်ဟု ဆိုနေသော မုချင်ရီမှာ လူမှားနေသည်သာ ဖြစ်ရပေမည်။

ဒါမှမဟုတ် သူ့ကို မုချင်ရီ ဂရုစိုက်နေသည်က မုချင်ရီက သူ့အသိတစ်ယောက်နဲ့မှားပြီး သူ့အပေါ်တွင် ကောင်းပေးနေသည်များလား။

"လူမှားနေပါပြီ"

ယန်ကျန်းလီက ဆိုလိုက်လေသည်။

သူယင်းအဖြေကို ဖြေကြားလိုက်သည့်အခါ မည်သည့် အကြောင်းကြောင့်လားတော့မသိ သူ၏နှလုံးသားထဲ၌ နာကျင်နေသည်ကို ခံစားရသည်။ သူ၏ နှလုံးသားတစ်စုံက တင်းကြပ်စွာပင် နာကျင်ရ၏။

ဘာကြောင့်များလဲ။ ဘာအကြောင်းကြောင့်များ ဒီအဖြေလေးဖြေရတာကို သူနာကျင်နေရတာလဲ။

"ကျန်းလီ..မင်းကတော့ မှတ်မိမှာ မဟုတ်ဘူးဆိုတာ ကိုယ်သိတာပေါ့၊ ဒါက ကိုယ်တစ်ယောက်တည်းရဲ့ နှလုံးသားထဲက မှတ်မိနေမယ့် အကြောင်းအရာဖြစ်နေလို့ပါ"

မုချင်ရီက ပြုံး၍ဆိုလိုက်လေသည်။ အခြေအနေကို သူလည်းနားလည်ပါသည်။ ထိုအကြောင်းအား ယန်ကျန်းလီက မမှတ်မိပေ။ သူ လူမှားနေသည်တော့မဟုတ်၊ ထိုကောင်လေးဟာ ယန်ကျန်းလီသာလေ။ မှန်သည်။ သူ၏လွင့်မျောနေသော အိမ်မက်ထဲ၌ မဆီမဆိုင်ပေါ်လာသည့် ကောင်လေးဟာ သူ၏အချစ်ဦးဖြစ်ခဲ့လေသည်။ ပြီးတော့ ထိုကောင်လေးသည်ကား ယန်ကျန်းလီ ဖြစ်လေ၏။

PortraitMaster(Complete)Where stories live. Discover now