အပိုင်း(၉)
လီချင်းတစ်ယောက် သတိရလာသောအခါ သူမဂူတစ်ခု၏ အတွင်းဘက်သို့ ရောက်လို့နေသည်ကို သိလိုက်ရပြီးမကောင်းသည့် အငွေ့အသက်တွေကိုပါရလိုက်သည်။ သည့်အပြင် သူမသည်ကြိုးဖြင့်ထိုင်ခုံတစ်ခုတွင် အချည်ခံထားရလေပြီး ရုန်းလို့တောင်မရတော့။
ဂူအတွင်းသို့ အလင်းရောင်သည်ကား မဝင်ရောက်ပါလျက်ဖြင့် ဖယောင်းတိုင်များစွာ ထွန်းထားသော အလင်းကြောင့်သာ ဂူတစ်ခုလုံးအား ရှင်းလင်းစွာ မြင်ရသည်။
"သတိရပြီလား"
ခပ်လှမ်းလှမ်းတစ်နေရာမှ အသံတစ်ခု...
တည်ကြည်လေးနက်ပြီးသူ၏စိတ်ခံစားချက်များအား ဖုံးကွယ်ထားသော အသံတစ်ခုဖြစ်လေပြီး အနည်းငယ်သိမ်မွေ့သည်။ သူမထိုလူ၏မျက်နှာအား သေချာစူးစိုက်ကြည့်လိုက်တော့ မြင်လိုက်ရသည်မှာ ခံစားချက်မရှိ၊ နှလုံးသားမရှိသော လူတစ်ယောက်၏ မျက်နှာသာ။ ချောမောခန့်ညားပေမယ့်လည်း ခက်ထန်ကြမ်းတမ်းလေသည်။ သို့ပေမယ့် မည်သို့ပင်ချောမောပါစေ သူမ ဆရာတူအစ်ကိုကြီး၏ ခြေဖျားအားမမှီပါချေ။
ထိုလူမှာ ခရမ်းပုပ်ရောင်ဝတ်စုံအားဝတ်ဆင်ထားပြီး သူ၏လည်ပင်းတွင်မြွေတစ်ကောင်အား ပတ်ထားလေသည်။ အနှီမြွေဟာ ဒေါသထွက်နေသော မျက်လုံးဖြင့် သူ၏လျှာနှစ်ခွမှာ တစ်လစ်တစ်လစ် ထွက်နေသည်။ ထိုမြွေပတ်ထားသည့်လူမှာ မြွေအရှင်သခင် တစ်ယောက်သာဖြစ်လေ၏။
"ရှင်ဘယ်သူလဲ!?"
လီချင်းက မကျေနပ်ဟန်သူ့အားစူးစိုက်စွာကြည့်၍ မေးခွန်းထုတ်လိုက်လေတော့ မြွေအရှင်သခင်ဟာ ဟက်ခနဲရယ်လိုက်သည်။
"ငါက မြွေအရှင်သခင်...ငါ့ရဲ့အစွမ်းတွေ ကြီးမားဖို့ လူသားတစ်ယောက်နဲ့ လက်ထပ်ရမယ်။ လူသားတစ်ယောက်နဲ့လက်ထပ်ရင် ငါဟာလူ့ဘုံကို အုပ်စိုးလို့ရမှာကွ...ဟားဟားဟား!"
အကျည်းတန်စွာရယ်နေသော အနှီမကောင်းဆိုးဝါးအား လီချင်းမကျေနပ်ချက်များစွာဖြင့်ကြည့်လိုက်သည်။ သို့ပေမယ့်မြွေအရှင်သခင်ဟာ သူမအနားကပ်လာပြီး သူမ၏မေးဖျားကမော့လိုက်ပြီး မျက်နှာအားသေချာကြည့်လိုက်ကာ မကျေနပ်သလိုမျိုး နှာတစ်ချက်ရှုံလိုက်သည်။
YOU ARE READING
PortraitMaster(Complete)
Historical FictionGenre- Fantasy, Bl,Novel,twin,Oc Uni+Zaw ပုံရိပ်ယောင်တို့ ပုံတူတို့က အစစ်အမှန်တော့ ဘယ်ဟုတ်ပါ့မလဲ။ (အစ်ကိုတော်ရဲ့ခင်ပွန်းလောင်းက ကျွန်တော်ချစ်ရသူဖြစ်နေတယ်)