မကြာလိုက်ပါ..။ တစ်ယောက်ယောက်က တွန်းဖယ်လိုက်သလို ဖြစ်ပျက်သွားသောကြောင့် လျိုယင်လီက အနောက်ဆုတ်မိသွားသည်။
ဘာလို့ ကောင်းကောင်းမွန်မွန် မပြိုင်ရတာလဲ။
"မှော်နက်ကျင့်စဉ်!!အဲ့နည်းလမ်းကို သုံးနေတာလား!"
"သူက အရည်အချင်းမရှိလို့ ဒီနည်းလမ်းတွေ သုံးနေတာပဲ..သူ့ကိုအစကတည်းက မပြိုင်ခိုင်းသင့်ဘူး"
အနက်ရောင်အငွေ့အသက်တို့က ရှန်ကျိုဆီတွင် ပေါ်ပေါက်လာပြီးနောက် အကုန်လုံးမှ သူဟာ မှော်နက်ကျင့်စဉ်တို့ သုံးထားလေကြောင်း သိရှိရသည့်အတွက် တစ်ယောက်တစ်ပေါက် စကားသံတို့ထွက်ပေါ်လာပြီး ဆရာဖြစ်သူ ကိုယ်တိုင်ကပါ မျက်မှောင်ကြုတ်မိသွားသည်။
သူ့ကိုပြောတုန်းက ရှန်ကျိုဟာ တရားနည်းလမ်းကျကျ ပြိုင်မည်ဟု ပြောခဲ့သောကြောင့်သာ သူက လက်ခံလိုက်ခြင်း ဖြစ်လေရာ ယခုလိုမျိုး မကောင်းသည့်နည်းလမ်း အသုံးပြုမည်မထင်ခဲ့။
"မင်းဘာလို့ အောက်တန်းကျတဲ့ နည်းလမ်းတွေပဲ သုံးနေတာလဲ?!"
လျိုယင်လီက သူ၏ဓားချက်တို့ကို ရှောင်နေရင်းမေးလိုက်သည်။ သူ၏အသံမွာ ခံပြင်းသောကြောင့်ထင်။ ဒေါသထွက်နေပုံရသည်။
"မှော်နက်ကျင့်စဉ်လေးပဲ သုံးထားတာပါ..အောက်တန်းကျတဲ့ နည်းလမ်းလို့် ဘာကြောင့် ပြောရက်ရတာလဲ"
ရှန်ကျိုကား မဲ့ပြုံးတစ်ချက်ပြုံးရင်း ဆိုလိုက်သည်။ ထို့အခိုက်အတန့် သူ၏အနက်ရောင် အငွေ့အသက်တို့ဟာ လျိုယင်လီထံသို့် ရောက်လာပြီး သူ၏လက်နှင့် ခြေတို့ကို ဖမ်းဆုတ်လိုက်ပြီး ချုပ်ထားလျက်သား ဖြစ်သွားတော့သည်။
သူ၏လက်ထဲမှ ဓားသည်လည်း အောက်သို့ ချွင်ခနဲကျသွားပြီး ဒူးထောက်လျက်သား ကျသွားလေသည်။ သို့ပေသော် ရှန်ကျိုဟာ လျိုယင်လီ ထိုမျှဖြစ်နေသည်ကိုမရသေးပဲ သူထံသို့ဓားဖျားဖြင့် ဦးတည်လာလေသည်။
ထိုအခိုက်အတန့် ချန်ကျန်းဝေက ထိုင်နေရာမှ ထရပ်မိသည်။
မဟုတ်မှ သူထင်နေသလို ရှန်ကျိုက...
YOU ARE READING
PortraitMaster(Complete)
Historical FictionGenre- Fantasy, Bl,Novel,twin,Oc Uni+Zaw ပုံရိပ်ယောင်တို့ ပုံတူတို့က အစစ်အမှန်တော့ ဘယ်ဟုတ်ပါ့မလဲ။ (အစ်ကိုတော်ရဲ့ခင်ပွန်းလောင်းက ကျွန်တော်ချစ်ရသူဖြစ်နေတယ်)