"မုချင်ရီ~~"ခပ်တိုးတိုးလေးဖြင့်ခေါ်နေသော အသံတစ်ခု..။
ထိုအသံသည် တိုးညှင်းလွန်းပါပေသည်။ တိုးညှင်းလွန်း၍ ဘေးမှ အိပ်ပျော်နေသော မုချင်ရီအား အနှောင့်အယှက်တော့ မဖြစ်စေပါ။ အချိန်အားဖြင့်ကတော့ သန်းခေါင်ကျော်ကျော် အချိန်မျှဖြစ်ပြီး အကုန်လုံး အိပ်နေချိန်ဖြစ်သည်။ သိပ်မကြာခင်က ဆရာဖြစ်သူခေါ်သောကြောင့် အိပ်ရေးပျက်သွားသည့် အချို့တပည့်တို့သည်လည်း တစ်ယောက်မကျန် ပြန်လည် အိပ်မောကျသွားလေကာ ယန်ကျန်းလီသည်လည်း အိပ်ပျော်နေသည်ဖြစ်ရာ ယခုရှိနေသူသည်ကား ယန်ကျင်းချန်သာ။
သူဟာ အိပ်ပျော်နေသော မုချင်ရီ၏ဘေးတွင် ထိုင်နေပြီး မုချင်ရီ၏လက်ပေါ်သို့ သူ၏လက်အား တင်ထားလေကာ သူ၏ပုံစံမှာ တစ်ခုခုအား ပြောကြားချင်နေသလိုပင်။
အတန်ကြာငယ်ကြာပြီးတော့မှ ယန်ကျင်းချန်က မုချင်ရီအိပ်ပျော်သည်ဖြစ်မှန်း သေချာသွားလေတော့မှ သက်ပြင်းတစ်ချက်ချလိုက်တော့သည်။
"မုချင်ရီ..မင်းသိလား? မင်းပြောတဲ့ အရင်က တွေ့ခဲ့တယ်ဆိုတဲ့လူက ယန်ကျန်းလီ မဟုတ်ဘူးလေ...သူက ကျွန်တော်လေ"
ယန်ကျင်းချန် ရည်ရွယ်၍ ပြောနေသည်ကကား မုချင်ရီငယ်ငယ်က တွေ့ဖူးသည်ဆိုသော ကောင်လေးတစ်ယောက် အကြောင်းဖြစ်လေ၏။ ယင်းအပြင်ထိုကောင်လေးဟာ အခြားမဟုတ်ချေ။ ယန်ကျင်းချန်ဖြစ်သော သူဖြစ်လေ၏။ သူသည် ထိုအကြောင်းကို မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့ပြီး မုချင်ရီ ခုနက ယန်ကျန်းလီကို ပြောသံကြားမှ သူက မှတ်မိတော့သည်။ စင်စစ်တွင်တော့ သူဟာ မုချင်ရီကို ထိုကောင်လေးဟု လုံးဝမထင်မှတ်ခဲ့ပါလေ။
"အဲ့တုန်းက မင်းကဘယ်လိုလုပ် ကျွန်တော်တို့ဆီကို စည်းကျော်လာရတာလဲ? ကံတရားက ထူးဆန်းတယ်နော်..ကျွန်တော့်ကို အရင်ဆုံး အခွင့်အရေးပေးပြီးမှ ကျွန်တော် ဒီအခွင့်အရေးကို မသိမ်းဆည်းနိုင်ခဲ့ဘူး"
မုချင်ရီဆီမှအကြည့်မလွှဲပဲ ယန်ကျင်းချန်က ဆိုလိုက်သည်။
သူက ဘာလို့မေ့နေခဲ့ပါလိမ့်..ဘာလို့များ မုချင်ရီကို မမှတ်မိရပါလိမ့်..ပြီးတော့ သူက မုချင်ရီအပေါ် ဒုက္ခပေးဖို့ ကြံစည်ခဲ့မိသည်။ သူဘယ်လိုတောင် မကောင်းတဲ့ လူပါလိမ့်။
YOU ARE READING
PortraitMaster(Complete)
Historical FictionGenre- Fantasy, Bl,Novel,twin,Oc Uni+Zaw ပုံရိပ်ယောင်တို့ ပုံတူတို့က အစစ်အမှန်တော့ ဘယ်ဟုတ်ပါ့မလဲ။ (အစ်ကိုတော်ရဲ့ခင်ပွန်းလောင်းက ကျွန်တော်ချစ်ရသူဖြစ်နေတယ်)