"ရှင်းမင်!မင်းဘာတွေလုပ်ချလိုက်တာလဲ!!"
ရှောင်ယွင်ဟာ ရှင်းမင်တစ်ယောက် သူတို့၏ မင်းကြီးကို လူ့ပြည်သို့ လွှတ်လိုက်သည်ကို ကြားသိလိုက်လေသောကြောင့် တစ်ချက် ဒေါသထွက်သွားတော့သည်။
ဘယ်လိုတောင် စဉ်းစားဉာဏ်မရှိရတာလဲ?
ဒီလောက်လေးတောင်မှ မစဉ်းစားတတ်ဘူးလား...ရှောင်ယွင်ကတွေးလိုက်သည်။ သူရှင်းမင်ကို ဒီလောက်ထိ တုံးလိမ့်မည်ဟု မထင်မှတ်ခဲ့။ သူတို့၏ မင်းကြီးဟာ ဘယ်လိုပဲအစွမ်းထက်ပါစေ နောက်ဆုံးတော့သူဟာ မြေအောက်ဘုံသား တစ်ယောက်ပါလေ။ မြေအောက်ဘုံသား တစ်ယောက်၏ အစွမ်းသည် လူ့ပြည်တွင်ရှိနေပါက ဆယ်ပုံတစ်ပုံမျှလောက်သာ သုံး၍မရချေ။ ထို့အပြင် လူ့ပြည်မှ နေအလင်းဒဏ်ကို မခံနိုင်ပါလေ။
မြေအောက်ဘုံ၏ နေ့ဘက်တွင်ရှိနေသော နေအလင်းရောင်သည် ငရဲမီးအရှင်၏ အစွမ်းကြောင့် ဖြစ်ပေါ်နေခြင်းမှာ မြေအောက်ဘုံ၌ သဘာဝအလျောက် အလင်းရောင် မရှိလေသောကြောင့် သူ၏အစွမ်းသုံးခြင်းဖြစ်လေရာ အခြားအကြောင်းအရာမှာ မြေအောက်ဘုံသားတို့မှာ နေအလင်းရောင်အစစ်ကို မခံနိုင်သောကြောင့် ဖြစ်လေ၏။
မည်သို့ပင်ဆိုစေကာမူ သူ့အနေနှင့် မင်းကြီးကို လွှတ်ထားရန်ကား မဖြစ်နိုင်ချေ။ သူ့အနေနှင့် ချက်ချင်း လိုက်သွားရတော့ပေမည်။
"အစ်ကို ဘယ်သွားမလို့လဲ?"
ရှင်းမင်ကပြောရင်းဆိုရင်း ထထွက်သွားသော ရှောင်ယွင်လက်ကို ဖြတ်ခနဲဆွဲလိုက်ပြီး ဆိုလိုက်သည်။ ရှောင်ယွင်၏ မျက်နှာသည်ကား တစ်ချက်မဲ့သွားပြီး သူ့ကိုလှမ်းဆွဲထားသော လက်ကို မျက်မှောင်ကြုတ်လျက် ကြည့်လိုက်သည်။
"ဒီပြဿနာက မင်းစခဲ့တာ..မင်းအနေနဲ့ငါ့ကို တားပိုင်ခွင့်ရှိလို့လား"
ရှောင်ယွင်က ထိုသို့သာပြောလိုက်ပြီး သူ့ကိုဆွဲထားသော ရှင်းမင်၏လက်ကို အားဖြင့်ဖယ်ထုတ်လိုက်ကာ ထိုနေရာမှ ထွက်သွားတော့သည်။ ရှင်းမင်းက တစ်ချက် တောက်ခေါက်မိသွားသည်။ ငရဲမီးအရှင်အနေနဲ့ လူပြည်က်ို ဘယ်လိုသွားမှာလဲ။ မြေအောက်ဘုံသားတို့ဟာ ပွဲတော်ရက် သို့တည်းမဟုတ် ဆင့်ခေါ်ခြင်းမရှိပါပဲ စိတ်တိုင်းကျ သွားခွင့်မရှိသည် မဟုတ်လား။
ŞİMDİ OKUDUĞUN
PortraitMaster(Complete)
Tarihi KurguGenre- Fantasy, Bl,Novel,twin,Oc Uni+Zaw ပုံရိပ်ယောင်တို့ ပုံတူတို့က အစစ်အမှန်တော့ ဘယ်ဟုတ်ပါ့မလဲ။ (အစ်ကိုတော်ရဲ့ခင်ပွန်းလောင်းက ကျွန်တော်ချစ်ရသူဖြစ်နေတယ်)