တစ်ယောက်ယောက်က ဖမ်းချုပ်ထားသလိုပဲ....။
သူ့လက်တွေ လှုပ်လို့မရတော့ဘူး...ဘာတွေဖြစ်ကုန်တာလဲ။ယန်ကျန်းလီက သူ၏မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်မိသည်။ဒီနေရာက ဘယ်နေရာလဲ။ ပြီးတော့ သူ့ရှေ့တွင် တစ်ယောက်ယောက် ရပ်နေသည်။ သူကဘယ်သူလဲ...။
ယန်ကျန်းလီမှာ သူ၏မျက်နှာကိုသေချာစွာ မမြင်ရသေး။ အခုထိ ဝေဝါးနေသည်။ ခေတ္တခဏကြာလေတော့မှ သူ၏မျက်လုံးက ဖြည်းညှင်းစွာပင် သူ၏မျက်နှာအား ကြည်လင်စွာ မြင်ရလာသည်။
ထိုသူ၏မျက်နှာအား အလုံးစုံမြင်ရသောအခါ၌ သူ၏မျက်လုံးအစုံက ပြူးကျယ်သွားသည်။
//ဘာလို့ သူက သူ့ကိုယ်သူမြင်နေရတာလဲ?//
မဖြစ်နိုင်ပါ။ ထိုလူက သူ့ရုပ်ကို ဟန်ဆောင်ထားသည် ဖြစ်ဖို့များသည်။ မဟုတ်ရင် သူ့နှင့်ဘာလို့ ဒီလောက်တူနေမှာလဲ?
"မောင်မင်းက ဘယ်သူလဲ?"
ယန်ကျန်းလီက သူ့ကိုမေးလိုက်သည်။ ယန်ကျင်းချန်သည်ကား မဲ့ပြုံးတစ်ချက် ပြုံးလိုက်လေသည်။ ထို့နောက် သူ၏ အရှေ့သို့လျှောက်လာပြီး လှောင်ရီသလိုမ်ျိုးဖြင့် ကြည့်နေသည်။
"ငါက မင်းရဲ့ခန္ဓာကိုယ်ထဲ ရောက်နေတဲ့ မင်းရဲ့အမြွာပဲ..ပြောရရင် ငါက မင်းအစား သေခဲ့ရတာပဲ?"
ယန်ကျင်းချန်ကား ဆက်၍
"ဟုတ်တယ်..အမှန်က ငါမသေဘဲ မင်းသေရမှာ"
ယန်ကျင်းချန်က ထိုသို့သာ ပြောလိုက်ပြီးနောက် သူမည်သို့ စတင်ဖြစ်ပေါ်လာသည်။ သူဘယ်အချိန်မှ ပေါ်ထွက်လို့ရသည်ကို ပြောပြလိုက်တော့သည်။ သူအရာအားလုံးသိသည်။ ယန်ကျန်းလီ၏ ဝိညာဉ်ရှိစဉ်၌ သူကပါ အခြားတစ်ယောက်အဖြစ် ဖြစ်ပျက်နေသည်တို့ကို မြင်တွေ့ရပေသည်။ တစ်ခါတစ်ရံ သူနာကျင်ပေသည်။ အထူးသဖြင့် မုချင်ရီက ယန်ကျန်းလီကို ဂရုစိုက်နေသည့်အခါ များတွင်ပေါ့။
"မဟုတ်ဘူး..မောင်မင်းက ကိုယ့်ပိုင်ဆိုင်တာ မဟုတ်တာကို အတင်းလိုချင်နေတာပဲ"
ယန်ကျန်းလီက အံကြိတ်ကာ ဆိုလိုက်သည်။
ဒီခန္ဓာကိုယ်က သူ့အပိုင်ဖြစ်သည် ဘာကြောင့်များ ယန်ကျင်းချန်က အတင်းလိုချင်နေရတာလဲ။ ပြီးတော့ မုချင်ရီကလည်း....
YOU ARE READING
PortraitMaster(Complete)
Historical FictionGenre- Fantasy, Bl,Novel,twin,Oc Uni+Zaw ပုံရိပ်ယောင်တို့ ပုံတူတို့က အစစ်အမှန်တော့ ဘယ်ဟုတ်ပါ့မလဲ။ (အစ်ကိုတော်ရဲ့ခင်ပွန်းလောင်းက ကျွန်တော်ချစ်ရသူဖြစ်နေတယ်)