မုချင်ရီ၏စကားကြောင့် ရှန်ကျိုသည် အထိတ်အလန့်ဖြစ်သွားလေ၏။
မဖြစ်နိုင်တဲ့ကိစ္စမဟုတ်လား?သူကဘယ်လိုလုပ်ပြီး ရှာတွေ့သွားရတာလဲ?
"တပည့်..အဲဒါဘာလဲဆိုတာ အကုန်ကြားအောင် ရှင်းပြပေးလို့ရမလား?"
ဆရာဖြစ်သူက မုချင်ရီအား ဆိုလိုက်၏။ စင်စစ်အားဖြင့်ဆိုရလျှင် သူထိုစာရွက်အား မည်သည့်အရာဆိုသည်ကို မသိချေ။
မုချင်ရီက ခေါင်းတစ်ချက် ငြိမ့်လိုက်သည်။ ထို့နောက်တွင်မှ သူဟာ အကုန်လုံး ကြားစေရန် အလို့ဌာ သူ၏ အသံအား မာတင်းလိုက်ပြီးနောက် သူတွေ့လာသည်အား ရှင်းပြလိုက်တော့သည်။
"ဒီစာရွက်မှာ ကျွန်တော် အောက်လမ်း အငွေ့အသက်တွေကို ခံစားရတယ်..ကြည့်ရတာ တစ်ယောက်ယောက်က ယာယီမိုးရွာအောင် အစီအရင်နဲ့ လုပ်ခဲ့တာပဲ!"
"နေပါဦး..အဲဒါနဲ့ ငါကတရားခံဖြစ်စရာလား? အခြားလူရော မဖြစ်နိုင်ဘူးလား?"
မုချင်ရီ၏ စကားမဆုံးခင်၌ ရှန်ကျိုက ထေ့ငေါ့စွာ ပြောလိုက်ပြီး သူ၏စကားအား ဖြတ်ဝင်ကာ ပြောလိုက်တော့သည်။
မုချင်ရီက သူ့အားတစ်ချက် စောင်းငေါ့ ကြည့်လိုက်သည်။ ထို့နောက်တွင်မှ မုချင်ရီက အသက်မပါသလို တစ်ချက်ပြုံးလိုက်ကာ သူ၏စကားအား ပြန်ဆက်ပြောလေ၏။
"တိုက်ဆိုင်လိုက်တာ..ဒီနေ့က တပည့်ခေါင်းဆောင် ရွေးဖို့အတွက် နောက်ဆုံးပြိုင်ပွဲနေ့ပဲ...ပြီးတော့ ပြိုင်မယ့်လူက မင်းနဲ့တင်ဖန်းယဲ့ပဲရှိတာ..မင်းမဟုတ်ရင် ဘယ်သူရှိမှာလဲ?"
"အဲဒါနဲ့ပဲ..ငါ့ကို တရားခံလို့ စွတ်စွဲခဲ့တယ် ဆိုပါတော့"
မုချင်ရီက ခေါင်းခါလိုက်သည်။ ထို့နောက် သူဟာ ရှန်ကျိုပြောသည်ကို ဂရုမစိုက်တော့ဘဲ တင်ဖန်းယဲ့ဘက်သို့ လှည့်ကာ သူမရှေ့သို့ လက်ကမ်းပေးလိုက်သည်။ တင်ဖန်းယဲ့ကလည်း ထိုကမ်းပေးသောလက်အား လက်ခံကာ သူမ၏လက်အား ပြန်လည်၍ ကမ်းပေးလိုက်သည်။ မုချင်ရီလည်း သူမအား လှမ်းထူလိုက်ပြီးမှ သူ၏စကားအား ပြန်ဆက်လိုက်သည်။
"ဒါဆိုရင် မင်း လွန်ခဲ့တဲ့နှစ်ရက်က တောင်အောက်ကို ဘာလို့ဆင်းသွားတာလဲ?"
YOU ARE READING
PortraitMaster(Complete)
Historical FictionGenre- Fantasy, Bl,Novel,twin,Oc Uni+Zaw ပုံရိပ်ယောင်တို့ ပုံတူတို့က အစစ်အမှန်တော့ ဘယ်ဟုတ်ပါ့မလဲ။ (အစ်ကိုတော်ရဲ့ခင်ပွန်းလောင်းက ကျွန်တော်ချစ်ရသူဖြစ်နေတယ်)