Uni
"ရှင်းမင်!!"
ယန်ကျန်းလီတစ်ယောက် သူ၏ရှေ့တင်တွေ့ရသော ရှင်းမင်ကို ဝမ်းသာအားရ ခေါ်လိုက်တော့သည်။
"မင်းကြီး...ကျွန်တော်မျိုး တောင်းပန်ပါတယ် မင်းကြီးကို ဖုံးကွယ်ထားမိတာ"
"ရပါတယ်...ကိုယ်တော် နားလည်ပါတယ်"
ယန်ကျန်းလီက တစ်ချက်ပြုံးလိုက်လေတော့သည်။ ထို့နောက် ရှင်းမင်က သူ၏ပါးစပ်အတွင်းမှ ဓာတ်လုံးတစ်လုံးကိုထုတ်လိုက်ပြီးနောက် ကျန်းလီ၏ နှလုံးသားထဲထိုးထည့်လိုက်သည်။
"ကျွန်တော့်ရဲ့အစွမ်းတွေပါ... မင်းကြီးကို လက်ဆောင်အဖြစ် ဆက်သပါတယ်"
ယန်ကျန်းလီ၏ ခန္ဓာကိုယ်၌ကား လက်ခံရရှိပြီးသည်နှင့် မြေခွေးအမြှီးက တစ်ချောင်းပြီး တစ်ချောင်းထွက်ပေါ်လာတော့သည်။
"ဒါကဘာလဲ...."
ယန်ကျန်းလီက နားမလည်ပေ။ ထိုအစွမ်းကိုပေးပြီးတာနဲ့ချက်ချင်း ရှင်းမင်သည်ကား တစ်စတစ်စနှင့် ပျောက်ကွယ်သွားလေသည်။
ထို့နောက်သူ၏ စိတ်စွမ်းအင်အချိတ်အဆက်က ချက်ချင်းပျောက်ကွယ်သွားကာ သူ၏ မူလခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိခဲ့၏။ သူ၏အမြှီးတို့ကလည်း ပျောက်ကွယ်သွားလေသည်။
"ကျွန်တော့် တာဝန်ပြီးပြီ..ယန်ကျင်းလီဆီကို ကျွန်တော် နောက်ဆုံးကျန်နေတဲ့အစွမ်းနဲ့ ပို့ပေးပါမယ်"
ရှင်းမင်က ပြောလိုက်ပြီးတာနဲ့ ငရဲမီးအရှင်နှင့်မုချင်းရီတို့၏ ခန္ဓာကိုယ်ကို မြူခိုးတွေနှင့် ဖြုံးအုပ်လိုက်ကာ နေရာကွေ့ပြောင်းခြင်း အစီအရင်ကို သုံးလိုက်တော့သည်။
နောက်ဆုံးကျန်တဲ့အစွမ်းဆိုတာ ဘာပြောတာလဲ....
ရှောင်ယွင်က တစ်ချက်စိတ်ထဲ ရရှေတျလျုကျလသေညျ။ ထိုအခိုက်သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်မှာ ထိုနေရာမှ ပျောက်ကွယ်သွားပြီး နန်းတော်ရဲ့ လျိုဝှက်ဥမင်ထဲ ရောက်ရှိသွားတော့လေသည်။
ရှင်းမင်ကား သူတို့နှစ်ယောက်ကို နေရာပြောင်းရွေ့ပြီးနောက် သူ၏လက်ကို ကြည့်လိုက်တော့သည်။ သူတကယ်အစွမ်းမရှိတော့တာ သေချာပြီ။ ထို့နောက်မှသူက မြေကြီးထက်သို့ ထိုင်ချလိုက်တာ ထိန်းမရတော့ဘဲ ငိုချမိတော့တယ်။
YOU ARE READING
PortraitMaster(Complete)
Historical FictionGenre- Fantasy, Bl,Novel,twin,Oc Uni+Zaw ပုံရိပ်ယောင်တို့ ပုံတူတို့က အစစ်အမှန်တော့ ဘယ်ဟုတ်ပါ့မလဲ။ (အစ်ကိုတော်ရဲ့ခင်ပွန်းလောင်းက ကျွန်တော်ချစ်ရသူဖြစ်နေတယ်)