သီးသန့်ပွဲစဉ်တွင် ယှဉ်ပြိုင်မည့် လူနှစ်ယောက်သည်ကား "မုချင်ရီနှင့်ရှန်ကျို" ဖြစ်လေသည်။
ယင်းတို့တွဲဖက်၏ အမည်ကိုမူ မရေးထားချေ။ ထိုသဘောသည် သူတို့နှစ်ယောက်၏ တစ်ယောက်ချင်းစီ လက်ရည်ပြိုင်သော ပြိုင်ပွဲတစ်ခုဖြစ်ဟန်တူသည်။ သို့တည်းမဟုတ် ကြိုက်သည့်တွဲဖက်ကို ခေါ်လို့ရသည်များလား။
ရှန်ကျိုကား မဲ့ပြုံးတစ်ချက် ပြုံးလိုက်မိသည်။
ဒီတစ်ခါတော့သူ့အရည်အချင်းကို မည်သူ့မှယှဉ်၍ ရတော့မည်မဟုတ်။
အခြေအနေအရပ်ရပ်အား ခန့်မှန်းမိလေသော မုချင်ရီသည်ကား ရှန်ကျို တစ်ခုမဟုတ်တစ်ခု ကြံစည်နေမည်ကို ခန့်မှန်းမိသည်။
ရှန်ကျိုမှာ ပထမအကြိမ်၌ လူကြားထဲတွင် အရှက်တစ်ခါကွဲဖူးပြီးပြီ။ လက်ရှိအချိန်၌တော့ သူဟာ အရှက်အကွဲခံတော့မည် မဟုတ်။ ထို့ကြောင့် ရှန်ကျို အနေနှင့်အသေခံပြီး ပြိုင်ဆိုင်နိုင်သည် ဖြစ်လေရာ သူ့အနေနှင့်ကတော့ ဘာမှပြင်ဆင်စရာ မလိုအပ်ပါချေ။
အမွှေးတိုင်တစ်တိုင်စာ အကြာအချိန်၌ ယှဉ်ပြိုင်ပွဲကား စတော့သည်။
ပထမပြိုင်ပွဲစတုန်းက ယန်ကျန်းလီမှာ သိပ်တော့ စိတ်ဝင်စားခြင်း မရှိခဲ့ပါဘဲ ဒုတိယ၊တတိယအထိ ရောက်လေသော်သူလည်း ကြည့်ရင်း စိတ်ဝင်စားလာသည်။
သူတို့ မြေအောက်ဘုံ၌ ထိုသို့ပြိုင်ပွဲမျိုးကား မရှိသည့်အတွက် ယန်ကျန်းလီမှာ ထူးဆန်းစွာ ကြည့်နေမိတော့သည်။
"ကျန်းလီ ကိုယ်ကနောက်ဆုံးပြိုင်ပွဲကြပြိုင်မှာ...ကိုယ့်ကို အားပေးမယ် မှတ်လား?"
ယန်ကျန်းလီမှာ ထိုအကြောင်းတွေ နားမလည်ပေသော်လည်း ခေါင်းငြိမ့်လိုက်သည်။ မုချင်ရီက ပြုံးလျက် ယန်ကျန်းလီ၏ ခေါင်းလေးအား သူ၏ပခုံးထက်သို့ မှီစေလိုက်သည်။
ခဏလေးပါပဲ...ဒါပြီးရင် သူတို့ အတူနေနိုင်တော့မှာပါ။
အနှီမြင်ကွင်းအား တင်ဖန်းယဲ့ကမြင်လေသော် သူမက မျက်မှောင်ကြုတ်သွားမိသည်။ သို့ပေသော် သူမက ပြန်ထိန်းလိုက်ကာ အရေးတကြီး လုပ်စရာရှိသည့်နှယ် ပြိုင်ပွဲနေရာ၌ ထွက်သွားတော့သည်။
YOU ARE READING
PortraitMaster(Complete)
Historical FictionGenre- Fantasy, Bl,Novel,twin,Oc Uni+Zaw ပုံရိပ်ယောင်တို့ ပုံတူတို့က အစစ်အမှန်တော့ ဘယ်ဟုတ်ပါ့မလဲ။ (အစ်ကိုတော်ရဲ့ခင်ပွန်းလောင်းက ကျွန်တော်ချစ်ရသူဖြစ်နေတယ်)