လီချင်းတို့၏ ပြိုင်ပွဲသည်ကား တစ်စတစ်စ ပြင်းထန်လာသည်။ အတန်ကြာသည်အထိ သူတို့ တိုက်ခိုက်ပြီးသည့်နောက်တွင်တော့ ကျန်းမုံ့က အစွမ်းသုံးတာများ၍ သွေးတစ်ချက် အန်မိသွားကာ အင်အားတော်တော်များများ ဆုံးရှုံးသွားလေသည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျန်းမုံလိုလူကိုတောင် သွေးအန်အောင်လုပ်နိုင်တယ်။
ယန်းမင်လည်း သူ၏တွဲဖက်တစ်ယောက် ယှဉ်ပြိုင်မရတော့သည့် နောက်၌သူဟာ အရှုံးခံလိုက်တော့သည်။ ဤသို့နှင့် လီချင်းတို့ နှစ်ယောက်မှာ အနိုင်ရရှိခဲ့သည်။ ဖန်းရုံလည်း သူ၏ဓားကို သေချာသိမ်းလိုက်ပြီးနောက် မုချင်ရီဘက်သို့ လှည့်ကြည့်ကာ ပြုံးပြလိုက်လေသည်။ မုချင်ရီသည်လည်း ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး လီချင်းကိုကြည့်လိုက်ကာ သူက ပြုံးလိုက်လေသည်။
သူမသည်ကား အနိုင်ရသွားသောကြောင့် ပျော်နေမည့်ပုံပေါ်နေသောလည်း တစ်ဖက်လူကို အားနာသောကြောင့်ထင်။ သူမ၏မျက်နှာအား ထိန်းထားလေသည်။
ဟုတ်တယ်။ သူမဟာ ဒီလိုမျိုး ပျော်ပျော်ရွှင်ရွှင်နေသင့်တာ။
လီချင်းတို့ အလှည့်ပြီးသွားပြီးနောက် တဖြည်းဖြည်းနှင့် အခြားပြိုင်ပွဲဝင်များ အလှည့်လာလေသည်။ ညနေစောင်းလောက် အချိန်လောက်ရောက်လေသော် နောက်ဆုံးပွဲစဉ်ကို လီချင်းနှင့်ဖန်းရုံတို့ တက်ရောက်ပြီး အောင်မြင်ခဲ့ကြသည်။ ဤသို့ဖြင့် အထူးပွဲစဉ်ဖြစ်သော မုချင်ရီနှင့်ရှန်ကျိုတို့ ပွဲရောက်လာခဲ့သည်။
မုချင်ရီမှာ ပွဲအလယ်သို့ မသွားခင်၌ ယန်ကျန်းလီ၏ မျက်နှာရှေ့ကြနေသော ဆံနွယ်တို့ကို သပ်သင်ပေးလိုက်၏။
"ဒီပွဲပြီးတာနဲ့ ချက်ချင်းပြန်ရအောင်..ကျန်းလီက ညီလာခံကို ပစ်လာတာမှတ်လား။ မြန်မြန် အဆုံးသတ်ပေးပါမယ်"
"မလောပါနဲ့..ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ"
ယန်ကျန်းလီက သတိပေးလိုက်သည်။ သူဒီပြိုင်ပွဲအကြောင်း သိပ်တော့ နားမလည်ပေသော်လည်း သူကြည့်လာသည့် ပွဲများတွင် အနည်းနှင့်အများတော့ ထိခိုက်ဒဏ်ရာရသည့်အတွက် သူ့အနေနှင့် မုချင်ရီတစ်ခုခုဖြစ်မည်ကို စိုးရိမ်ပူပန်သည်။
YOU ARE READING
PortraitMaster(Complete)
Historical FictionGenre- Fantasy, Bl,Novel,twin,Oc Uni+Zaw ပုံရိပ်ယောင်တို့ ပုံတူတို့က အစစ်အမှန်တော့ ဘယ်ဟုတ်ပါ့မလဲ။ (အစ်ကိုတော်ရဲ့ခင်ပွန်းလောင်းက ကျွန်တော်ချစ်ရသူဖြစ်နေတယ်)