ဆံပင်တွေကကျောလယ်ထိရှည်ပြီး ပုဝါစဦးထုတ်ကိုဆောင်းထားတဲ့လူတယောက်...အပြာနုရောင်ဝတ်ရုံရှည်ကိုခြုံထားပြီး ဝန်းကြီးတခုထဲကိုဝင်သွားသည်...အထဲရောက်တော့ နန်းတော်လို့ထင်ရတဲ့နေရာတခု..ပြောရမယ်ဆို နန်းတွင်းကားတွေထဲကလို အဆောင်တွေများစွာနဲ့ကျယ်ပြောတဲ့ဝန်းကြီး...
ထိုပုဝါစဦးထုတ်နဲ့လူကအဆောင်တစ်ဆောင်ထဲကိုဝင်သွားလိုက်သည်...အထဲရောက်လို့ဆောင်းထားတဲ့ဟာကိုချွတ်လိုက်တော့အလွန်လှပတဲ့ယောကျာ်းတယောက်ဖြစ်နေသည်...ထိုလူရဲ့ရှေ့မှာတော့ မိန်းမတယောက်ရပ်နေပြီး ထိုလူကအဲ့မိန်းမကိုအရိုအသေပေးလိုက်သည်...
"Jeon မယ်မယ် ကျတော့်ကိုခေါ်တာဘာကိစ္စများရှိလို့ပါလဲ "
"မင်းနဲ့မင်းကြီးနဲ့အခြေအနေကိုငါမသိဘူးများထင်နေလား "
ထိုလူကအနည်းငယ်အံ့သြသွားပုံပေါ်ပေမယ့် ချက်ချင်းမျက်နှာကိုပြုံးလိုက်ကာ...
"အထင်လွှဲနေတာပါမယ်မယ် အရှင် Jeonကကျတော့်ဆီလာတာမှန်ပေမယ့် သေရည်အတူသောက်ပြီးစကားပြောရုံတင်ပါ "
"အော်ဟော...တိတ်စမ်းမင်းတို့ဥယာဥ်ထဲမှာပါမကျန်ချစ်တင်းနှောနေကြတာကို ငါသိပြီးပြီ လိမ်ဖို့ကြိုးစားမနေနဲ့ "
"ဟက်..ငြင်းမရတော့ဘူးဘဲ အရှင် Jeon ကမယ်မယ်တို့လိုမိန်းမကိုယ်ထက် ကျတော့်ကိုယ်ကိုပိုသဘောကျလို့နေမှာပေါ့ "
"မင်း....မင်းအတင့်ရဲလိုက်တာ အပြင်ကလူတွေလာကြစမ်း "
"မယ်မယ်ကျတော့်ကိုထိရင် အရှင် Jeon ကငြိမ်နေမယ်ထင်လို့လား "
"မင်းမရှိရင် မင်းကြီးကငါတို့ဆီ စိတ်ရောက်လာမှာပဲအဲ့တော့ မင်းသေလိုက်တော့ "
အဆောင်ထဲကိုဝင်ကာထိုလူကိုဆွဲချုပ်ကြတဲ့ ရဲမတ်နှစ်ယောက်...ထိုလူကရုန်းပြီးအော်လိုက်တော့ ပါးစပ်နဲ့နှာခေါင်းကိုတင်းကြပ်စွာ အုပ်ကိုင်လိုက်ကြသည်...ခနမျှရုံးပြီးတော့ ငြိမ်ကျသွားတဲ့ထိုလူ....
"ရေကန်ထဲပြစ်လိုက်သူ့ဟာသူရေနှစ်သေသွားလိမ့်မယ် "
ထိုလူကိုရေကန်ထဲပြစ်ချလိုက်တော့ တဖြည်းဖြည်းနှစ်မြုတ်သွားသည်...ရေအောက်ထဲရောက်သွားတော့ အောက်ဘက်တနေရာမှာနောက်ထပ်လူတယောက်ရှိနေသည်...တဖြည်းဖြည်းရေအောက်မှာရှိတဲ့လူနဲ့နီးကပ်လာပြီးလရောင်နဲ့မြင်လိုက်ရတဲ့မျက်နှာက....
YOU ARE READING
My Emperor (Complete)
Historical FictionJeon ဧကရာဇ်အုပ်ချုပ်နေသည့်ကာလ..... YunHwa ဆောင်ကြာမြိုင်က အလှလေး Kim Taehyung.. ၂၁ ရာစုကာလ..... မိန်းကလေးပရိတ်သတ်တွေရော ယောကျာ်းလေးပရိတ်သတ်တွေကြားမှာပါကျော်ကြားတဲ့ နာမည်ကြီးရေကူးချန်ပီယံလေး V.... အကြောင်းတစ်ခုကြောင့် အလှလေး Kim Taehyung ကိုယ်ထဲရောက်...