အခန်းတံခါးဖွင့်သံကြောင့် Taehyung ပြတင်းပေါက်အပြင်ဘက်ကိုငေးငိုင်နေရာကနေလှည့်ကြည့်လိုက်တော့ အစားအသောက်တွေကိုင်ကာဝင်လာတဲ့ Bogum ကိုတွေ့လိုက်ရသည်...
"Taehyung နိုးနေပြီလား Hyung နေ့လယ်စာဝယ်လာတယ် "
"အွန်း "
နိုးလာပြီးတော့အရင်တုန်းကလိုအရယ်အပြုံးမရှိတော့တဲ့ Taehyung....နိုးနိုးချင်းသူ့ကိုဖက်ကာ ရှိုက်ကြီးတငင်ငိုတဲ့ကလေးကြောင့် Bogum ပင်စိတ်ပူသွားရသေးသည်...သူ့ကိုဖက်ကာငိုရင်း တောင်းပန်စကားပဲဆိုနေခဲ့သည်...နောက်ရက်တွေတော့ထပ်မငိုတော့ပေမယ့် ခံစားချက်မရှိတော့တဲ့ပုံပဲဖြစ်နေတဲ့ Taehyung...Bogum စိုးရိမ်ပေမယ့်ဘာမှတော့မမေးဖြစ်ခဲ့ပေ...သတိရခါစမို့လို့ စိတ်မတည်ငြိမ်သေးတာလို့ပဲ Bogum ထင်လိုက်သည်...ကလေး Coma ဝင်သွားတာနှစ်နှစ်တောင်ကြာပြီလေ သူတို့ကိုမေ့မသွားတာကိုပဲကျေးဇူးတင်ရမည်...
အစားစားတော့လည်းအနည်းငယ်သာစားတာကြောင့် Bogum ကချော့မော့ကာ...
"ကလေးနည်းနည်းတော့စားလိုက်ဦးလေ "
"တော်ပြီ Hyung ကျတော်စားချင်စိတ်မရှိဘူး "
"အဲ့တာဆိုလည်းစတော်ဘယ်ရီနို့လေးတော့သောက်လိုက်နော် "
ခေါင်းငြိမ့်ပြီး Bogum ဖောက်ကာပိုက်တပ်ပေးထားတဲ့ဘူးလေးကို Taehyung ယူပြီးသောက်လိုက်သည်...သူ့အကြိုက်တွေကိုအခုထိမမေ့သေးတဲ့ Bogum...၂နှစ်တောင်ကြာသွားပြီကိုအနားမှာရှိနေပေးတဲ့ Bogum ကို Taehyung အားနာစိတ်တော့ဖြစ်မိသည်...အခုချိန်မှာသူ Bogum ကိုပြန်ချစ်လို့မရတော့ သူ့အချစ်တွေကတစုံတယောက်နဲ့အတူ သေဆုံးသွားခဲ့ပြီ...ဒီဘဝမှာတော့သူထပ်ပြီးချစ်နိုင်တော့မယ်မထင်...
"Hyung အလုပ်မသွားဘူးလား "
"အွန်းနေ့လည်နားတယ်လေ ကလေးOmma လာမှပဲအလုပ်ပြန်လိုက်မယ် "
"သူဌေးကဆူနေဦးမယ် ကျတော်ကိုစိတ်ပူစရာမလိုပါဘူး ကလေးမှမဟုတ်တာ "
Taehyung စကားကြောင့် Bogum စိတ်ထဲဝမ်းနည်းသွားမိသည်...အရင်ကဆိုနေမကောင်းတဲ့အချိန်သူ့အနားမှာအမြဲကပ်ကာချွဲတတ်တဲ့ကလေးက အခုတော့ရင့်ကျက်တဲ့ပုံစံနဲ့သူ့ကိုနှင်လွှတ်နေသည်...Coma ဖြစ်ပြီးရင် လူတစ်ယောက်ရဲ့အကျင့်ကအဲ့လောက်တောင် ပြောင်းလဲသွားတာလားလို့ Bogum တွေးနေမိသည်...
YOU ARE READING
My Emperor (Complete)
Historical FictionJeon ဧကရာဇ်အုပ်ချုပ်နေသည့်ကာလ..... YunHwa ဆောင်ကြာမြိုင်က အလှလေး Kim Taehyung.. ၂၁ ရာစုကာလ..... မိန်းကလေးပရိတ်သတ်တွေရော ယောကျာ်းလေးပရိတ်သတ်တွေကြားမှာပါကျော်ကြားတဲ့ နာမည်ကြီးရေကူးချန်ပီယံလေး V.... အကြောင်းတစ်ခုကြောင့် အလှလေး Kim Taehyung ကိုယ်ထဲရောက်...