မနေ့ကအဖြစ်အပျက်တွေကြောင့် Taehyung အလုပ်ကိုသွားချင်စိတ်မရှိ...သူ Jungkook ကိုမျက်နှာချင်းမဆိုင်ချင်ဘူး Jungkook ကိုတွေ့ရင်သူ့စိတ်တွေပြန်ပျော့ညံ့သွားမှာကိုကြောက်သည်...
မနက်စာစားရင်းငေးငိုင်နေတဲ့ Taehyung ကို Bogum တကြည့်ကြည့်ဖြစ်နေသည်...
"ကလေးမြန်မြန်စားလေ အလုပ်နောက်ကျနေဦးမယ် "
"Hyung ကျတော်အလုပ်ထွက်ချင်တယ် "
အလုပ်ဝင်တာ ၁လတောင်မပြည့်သေးပေမယ့် အလုပ်ထွက်ချင်ရင် ခွင့်ပြုပေးလို့ရတဲ့အခွင့်အရေး Bogum ဆီမှာရှိမှန်းသိလို့ Taehyung ထိုစကားထွက်လာခြင်းပင်...အကြောင်းပြချက်ကိုတော့ မေးစရာမလိုအောင် Bogum သိနေသည်...
"ကောင်းပြီလေ...ကလေးကိုအစတည်းက ကိုယ်လည်းမလုပ်စေချင်ဘူး "
"Hyung မမေးတော့ဘူးလား အကြောင်းပြချက်ကို "
"ကလေးပြောချင်ရင် အစတည်းကပြောမှာပေါ့ကိုယ်မမေးပါဘူး "
"တောင်းပန်ပါတယ် Hyung...ကျတော် "
မျက်ရည်တွေရစ်ဝိုင်းလာတဲ့ Taehyung ကြောင့် Bogum ကပဲစကားလမ်းကြောင်းလွှဲလိုက်သည်...မဟုတ်ရင် Taehyung ဆီကသူမကြားနိုင်သေးတဲ့စကားတွေထွက်လာနိုင်သည်လေ...
"ကိုယ်အလုပ်သွားရတော့မယ်...တခါတည်းကလေးအတွက်အလုပ်ထွက်စာပါလုပ်ပေးခဲ့မယ်...နေ့လည်ကျဘာမှမစားဘဲမနေနဲ့ တစ်ခုခုမှာစားဟုတ်ပြီလား..တစ်ယောက်တည်းဆိုပြီးအိပ်ပဲအိပ်မနေနဲ့ဦးနော် လေ့ကျင့်ခန်းလေးဘာလေးလုပ်နေ "
သူမှာစရာရှိတာတွေမှာပြီးထွက်သွားတဲ့ Bogum...အခန်းပြင်ရောက်တော့ တံခါးကိုမှီလျက်..
"ကိုယ်တောင်းပန်ပါတယ် ကိုယ်လက်လျော့လိုက်မယ်လို့တွေးထားပေမယ့် ကလေးဆီကစကားတွေကိုနားထောင်ဖို့အဆင်သင့်မဖြစ်သေးလို့..."
.......
Bogum ထွက်သွားတော့ Taehyung သိမ်းစရာရှိတာတွေသိမ်းပြီးအခန်းထဲဝင်ခဲ့လိုက်သည်...Bogum ပြောထားတဲ့ အိပ်မနေနဲ့ဆိုတဲ့စကားကိုနားမထောင်စွာဘဲ သူအိပ်ဖြစ်ဦးမယ်ထင်သည်...ထို့အတူနေ့လည်စာလည်းမှာစားဖြစ်မည်မဟုတ်ပေ...
YOU ARE READING
My Emperor (Complete)
Historical FictionJeon ဧကရာဇ်အုပ်ချုပ်နေသည့်ကာလ..... YunHwa ဆောင်ကြာမြိုင်က အလှလေး Kim Taehyung.. ၂၁ ရာစုကာလ..... မိန်းကလေးပရိတ်သတ်တွေရော ယောကျာ်းလေးပရိတ်သတ်တွေကြားမှာပါကျော်ကြားတဲ့ နာမည်ကြီးရေကူးချန်ပီယံလေး V.... အကြောင်းတစ်ခုကြောင့် အလှလေး Kim Taehyung ကိုယ်ထဲရောက်...