ME 20

18.8K 1.6K 88
                                    

Taehyung အဆောက်အဦးထဲကိုဝင်ပြီး သူနေတဲ့အထပ်ကိုဓာတ်လှေကားနဲ့တက်ခဲ့လိုက်သည်...

Taehyung တိုက်ခန်းထဲကိုဝင်လာတော့ Bogum ရဲ့စူးစမ်းတဲ့အကြည့်တွေကိုခံစားနေရသည်...တစ်ခုခုကိုပြောချင်ပေမယ့် ပြောသင့်မပြောသင့်စဥ်းစားနေပုံပင်...Taehyung မနေနိုင်တဲ့အဆုံးသူပဲစကားစလိုက်သည်...

"Hyung တစ်ခုခုပြောချင်နေလို့လား "

"ကလေးနဲ့ Jungkook ကအသိတွေလား "

Jungkook သူ့ကိုအတင်းနမ်းလိုက်တာကို Bogum မြင်သွားတာလားဆိုတဲ့စိတ်နဲ့ Taehyung ရင်ထိပ်သွားသည်...သို့ပေမယ့် Bogum ဆီကဒေါသတွေမမြင်ပုံထောက်ရင် ထိုအချင်းအရာကိုမမြင်လိုက်ဘူးဖြစ်မယ်လို့တွေးမိမှ Taehyung စိတ်အေးသွားရသည်...

"မသိဘူးဒီတိုင်းသူသွားမယ့်လမ်းနဲ့ကြုံလို့လိုက်ခဲ့တာ "

"အွန်း... ဒါပေမယ့် Jungkook နဲ့သိပ်မရောနဲ့ သူကလေးနားကိုကပ်တာ ကောင်းတဲ့ကပ်ခြင်းတော့မဖြစ်နိုင်ဘူး "

"ကျတော်လည်းသူနဲ့ခင်ဖို့စိတ်မဝင်စားဘူး အဲ့အတွက်တော့ Hyung စိတ်မပူပါနဲ့ သူနဲ့ဝေးဝေးနေမှာပါ... ကျတော်နားတော့မယ် Hyung "

"အွန်းကလေးပင်ပန်းရောပေါ့ ကိုယ်ညစာပြင်ပြီးရင်ခေါ်လိုက်မယ် "

ခေါင်းငြိမ့်ပြီးအခန်းထဲဝင်သွားတဲ့ Taehyung ရဲ့နောက်ကျောကိုစိုက်ကြည့်နေတဲ့ Bogum...သူ့စိတ်ထဲမှာ Jungkook နဲ့ Taehyung နီးကပ်သွားမှာကိုမကြိုက်ဘူး...သူတိုက်ခန်းဝရံတာကနေလှမ်းမြင်လိုက်ရတဲ့သူက Jungkook မှန်းသိသည်...Jungkook စီးနေကျဆိုင်ကယ်က Seoul မှာလက် ၅ ချောင်းတောင်မပြည့်...Jungkook က Playboy တစ်ယောက်မို့ Taehyung အတွက်စိတ်ပူရသည်...သူ့ကလေးကဘယ်လောက်တောင်လှပြီးချစ်ဖို့ကောင်းလိုက်သလဲ...သူ့လို Straight စစ်စစ်ကြီးတောင် ထိုအရာတွေကြောင့်ကျရှုံးခဲ့သေးတာပဲ Jungkook လည်းမကျရှုံးဘူးလို့ပြောနိုင်မှာတဲ့လား...

Bogum သူ့အနားမှာပဲထားတာမှားပြီလားလို့ထင်မိသည်...Jungkook ကိုသူ့အဖေကစောစောစီးစီးအလုပ်ထဲပို့လိမ့်မည်လို့မထင်မိတာကြောင့်လည်းပါမည်ထင်သည်...သိသိချင်းစိတ်ပူမိပေမယ့် Taehyung ရဲ့ Jungkook အပေါ်ခါးခါးသီးသီးဖြစ်နေပုံကိုတွေ့မှ နည်းနည်းစိတ်သက်သာရာရသွားသည်...သူအရမ်းစိတ်ပူလွန်းသွားတာနေမှာပါလို့တွေးပြီး ထိုအတွေးတွေကိုဖျောက်ကာ ညစာအတွက်ပြင်ဆင်နေလိုက်တော့သည်...

My Emperor (Complete)Where stories live. Discover now