ME 3

21.7K 1.9K 229
                                    

မနက်ဝေလီဝေလင်းအချိန်တွင်ဖြစ်သည်...

Yunhwa ရဲ့အုတ်တံတိုင်းပေါ်ကနေ အပြင်ဘက်ကိုကျော်ဆင်းလာတဲ့လူတယောက်...ဟုတ်ပါတယ်ထိုလူက Taehyung ပါ...ညဘက်တရေးမှမအိပ်ထားတာကြောင့်လူက ယိုင်တိုင်တိုင်ဖြစ်နေသည်...အိပ်မိသွားရင်ထမှာမဟုတ်တဲ့သူ့အကြောင်းသူသိလို့ မအိပ်ခြင်းပင်...အပြင်ဘက်ရောက်သွားတော့ မျက်နှာအောက်နားကနှာခေါင်းပေါ်ကနေ ပဝါနဲ့အုပ်ပြီးစည်းလိုက်သည်...မျက်နှာတစ်ပိုင်းသာပေါ်နေပေမယ့် Taehyung ရဲ့အလှတရားကတော့ပျောက်မသွား...ဦးထုတ်အဝိုင်းကိုခပ်ငိုက်ငိုက်ဆောင်းပြီး Yunhwa နားကနေထွက်ခဲ့လိုက်သည်...

မိုးအရမ်းမလင်းသေးပေမယ့် စျေးလို့ထင်ရတဲ့နေရာမှာတော့လူတွေကစည်ကားနေသည်...

Taehyung's POV "ဒီခေတ်ကလူတွေက စောစောထကြတာလား "

Taehyung စျေးထဲမှာလျှောက်သွားရင်းသူ့ဗိုက်ကဆာလာသည်...မနေ့တည်းကဆန်ပြုတ်ကလွှဲရင်ဘာမှမစားရသေးပဲလေ... သွားရင်းနဲ့ခေါက်ဆွဲရောင်းတဲ့ ဆိုင်အတွင်းထဲကိုဝင်ပြီးချောင်ကျတဲ့နေရာမှာထိုင်လိုက်သည်...သူထိုင်လိုက်တော့ စာပွဲထိုးလေးကလာမေးတာကြောင့်ခေါက်ဆွဲတပွဲမှာလိုက်သည်...ခနကြာတော့အငွေ့တထောင်းထောင်းနဲ့ ခေါက်ဆွဲရောက်လာပြီး Taehyung ဗိုက်ဆာဆာနဲ့စားလိုက်သည်...လူတွေများလာတာကြောင့် Taehyung ပဝါကိုပြန်အုပ်လိုက်ပြီး ထဖို့လုပ်မှပိုက်ဆံပါမလာတာကိုသတိရသွားမိသည်...

"ငါပိုက်ဆံလည်းပါမလာဘူး ဒီခေတ်ကလူတွေကဘယ်လိုရှင်းလဲငါမှမသိတာ အရှက်တော့ကွဲတော့မှာပဲ "

Taehyung လူများတာကိုအခွင့်ကောင်းယူပြီး ထွက်ဖို့ပြင်လိုက်ပေမယ့် လက်လာဆွဲတဲ့ကောင်လေး...

"အကိုပိုက်ဆံမရှင်းရသေးဘူးဗျ "

"ဟို....ပိုက်ဆံကဘယ်လိုရှင်းရတာလဲ "

"ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့ ပိုက်ဆံပေး "

"နောက်မှပေးလို့မရဘူးလား "

"ပိုက်ဆံမပေးရင် ကျတော်ရဲမတ်တွေခေါ်လိုက်မှာနော် "

ရဲမတ်တွေဆိုတာ ရဲတွေလိုမျိုးကိုပြောမှန်း Taehyung ခန့်မှန်းမိလိုက်သည်..သူဇာတ်ကားတွေထဲမှာမြင်ဖူးထားတာပဲလေ...Taehyung ဘာလုပ်ရမှန်းမသိ ထွက်ပြေးလို့​ကမရ.. လူတွေကလည်းကွက်ကြည့်ကွက်ကြည့်လုပ်လာကြသည်...ထိုအချိန်မှာပဲ...

My Emperor (Complete)Where stories live. Discover now