"ကောင်လေး ကောင်လေး "
တစ်ယောက်ယောက်ကသူ့ပုခုံးကိုပုတ်ကာနိုးတာကြောင့် Taehyung အိပ်မှုံစုံမွှားနဲ့ထကြည့်လိုက်သည်...
ကားသမားဦးလေးကြီးကိုမြင်မှ သူကားပေါ်မှာရှိနေသေးတာကိုသတိရသွားသည်...ငိုရလွန်းလို့မောပန်းကာအိပ်ပျော်သွားသည်ပဲ...အရင်ရက်တွေက ဘယ်လောက်အိပ်အိပ်ဘေးမှာသူ့ကိုနိုးပေးမယ့် Jungkook ပါလာတတ်တာကြောင့် စိတ်လွှတ်လက်လွှတ်အိပ်ပျော်သွားတတ်သည်...အခုသူတစ်ယောက်တည်းသာဖြစ်သည်ဆိုတာ သတိရသွားတော့ဝမ်းနည်းမှုက ရင်ထဲလှိုက်ခနဲ...မှောင်မဲနေတဲ့ ပတ်ဝန်းကျင်ကိုမြင်တော့ သူအနည်းငယ်ထိပ်လန့်မိသည်...
"ဦးလေးကြီးအခုဘယ်ရောက်နေတာလည်းဟင်.."
"ကောင်လေးဒါနောက်ဆုံးမှတ်တိုင်ပဲ မင်းဒီမှာမဆင်းရင်ကားဂိတ်ကိုလိုက်ရုံပဲရှိတော့မယ် "
"အာ...ဟုတ်ဟုတ်ကျတော်ဒီမှာပဲဆင်းလိုက်ပါ့မယ် "
Bus ကားက Taehyung ကားပေါ်ကဆင်းပြီးပြီးချင်းထွက်သွားသည်...အခုသူဘယ်ကိုဆက်သွားရမှန်းမသိ..ပတ်ဝန်းကျင်ကလည်းမှောင်မဲပြီးတိတ်ဆိတ်နေသည်...တချက်တချက်လက်သွားတဲ့ လျှပ်စီးတွေကလည်း မကြာခင်မိုးရွာတော့မယ်လို့ပြောနေသည်...
Taehyung အတွေးတွေပင်မဆုံးသေး မိုးတွေကတစက်ချင်းဆက်တိုက်ကျလာသည်...တဖြည်းဖြည်းကြောက်စိတ်တွေကြီးစိုးလာတဲ့အခါ Taehyung ငိုချင်လာသည်...တစ်ယောက်တည်းဆိုတဲ့အသိက သူ့ကိုပိုကြောက်စိတ်ဝင်စေသည်...
Bogum ကိုခေါ်ဖို့ချီတုန်ချီချဖြစ်နေတဲ့ Taehyung. ..Bogum ကိုသူအားမကိုးဖို့ဆုံးဖြတ်လိုက်တည်းက သူ့ရဲ့အားနည်းချက်ကိုထုတ်မပြချင်ဘူး...ထိုအချိန် Ph သံဝင်လာလို့ကြည့်လိုက်တော့ Jungkook..ဆက်တိုက်ခေါ်နေပေမယ့် Taehyung လျစ်လျူရှုလိုက်သည်...Ph သံကိုတော့မတိုးဖြစ်ဘာပဲဆိုဆို Ph သံကသူ့ကိုကြောက်စိတ်အနည်းငယ်တော့ပြေစေသည်လေ...
Ph သံတိတ်သွားတာကြောင့် ကြောက်စိတ်တွေကပြန်တိုးဝင်လာသည်...အပေါ်ထပ်မပါတာကြောင့် အေးလွန်းလို့နှုတ်ခမ်းတွေပါတုန်လာသည်...ထပ်မှန်ပေါ်လာတဲ့ Ph သံကြောင့် Taehyung ကြည့်လိုက်တော့ Bogum....Ans ကိုနှိပ်ပြီး နားမှာကပ်လိုက်တော့စိတ်ပူနေတဲ့ Bogum အသံထွက်လာခဲ့သည်...
YOU ARE READING
My Emperor (Complete)
Historical FictionJeon ဧကရာဇ်အုပ်ချုပ်နေသည့်ကာလ..... YunHwa ဆောင်ကြာမြိုင်က အလှလေး Kim Taehyung.. ၂၁ ရာစုကာလ..... မိန်းကလေးပရိတ်သတ်တွေရော ယောကျာ်းလေးပရိတ်သတ်တွေကြားမှာပါကျော်ကြားတဲ့ နာမည်ကြီးရေကူးချန်ပီယံလေး V.... အကြောင်းတစ်ခုကြောင့် အလှလေး Kim Taehyung ကိုယ်ထဲရောက်...