ME 14

18.6K 1.6K 157
                                    

ဆံပင်ရှည်တွေကိုဘေးမှာဖြည်ချထားကာ ​မှောက်ရက်လေးလှဲနေတဲ့ Taehyung. ..

ညနေကဖင်ထိုင်ရက်ကျသွားတာကြောင့် ဖင်နည်းနည်းအောင့်နေတာနဲ့ ထိုသို့အိပ်နေရခြင်းဖြစ်သည်...

ဝမ်းနည်းနေတာကြောင့် Taehyung သူ့အခန်းထဲကိုဘယ်သူမှဝင်မလာဖို့ပြောထားသည်...ထို့ကြောင့်ခုထိဆေးမလိမ်းရသေး...ထချင်စိတ်လည်းမရှိတာကြောင့် ပေပြီးတော့သာအိပ်နေလိုက်သည်...

လက်ဖျားကစပ်ဖျင်းဖျင်းနဲ့အေးစက်စက်ဖြစ်လာတာကြောင့် Taehyung နိုးလာသည်...Yooah ကဆေးထည့်ပေးနေတာဖြစ်လောက်သည်လို့တွေးပြီး ငြိမ်နေလိုက်သည်...

Taehyung's POV "What. ? ဘာလဲဆေးလိမ်းပေးတာအကျီချွတ်စရာလိုလို့လား "

Taehyung သူဝတ်ထားတဲ့အဝတ်တွေကိုချွတ်ဖို့လုပ်နေတဲ့ လက်တွေကြောင့်လန့်သွားသည်...ဘယ်လိုပဲအမလို့ပြောဦးတော့ မိန်းကလေးတယောက်ဖြစ်နေသည်လေ...

"အမ Yooah ရပြီကျတော်ပဲဆက်လုပ်လိုက်မယ် "

မလှုပ်ချင်တာနဲ့ လှည့်မကြည့်ဘဲပြောလိုက်တဲ့ Taehyung. ..သို့ပေမယ့် သူ့အဝတ်တွေချွတ်နေတာတော့ ရပ်မသွား...ဘောင်းဘီပါ ဆွဲချွတ်ဖို့လုပ်နေတာကြောင့် Taehyung လန့်ကာထထိုင်လိုက်တော့ ကျင်ကနဲဖြစ်သွားတဲ့မက်မွန်သီးလေး...

"အာ့...ရိုးရိုး..."

"ဖြည်းဖြည်းထလေ.."

နူးနူးညံ့ညံ့နဲ့စိတ်ပူစွာပြောလာတဲ့အသံကြောင့် Taehyung အံ့သြစွာကြည့်လိုက်သည်...

"Jeon. .."

တဆက်တည်းစူထော်သွားတဲ့နှုတ်ခမ်းလေး...

Taehyung's POV "ဘာလည်းမသေသေးတာကိုလာအတည်ပြုတာလား...လူကြားထဲအော်တုန်းကအော်ပြီး ခုမှလာစိတ်ပူပြနေတယ် "

"ငါကမင်းခန္ဓာကိုယ်ပဲဒဏ်ရာရသွားတယ်ထင်နေတာ နှုတ်ခမ်းပါဒဏ်ရာရသွားမှန်းမသိလိုက်ဘူး "

"ဟမ်...ဘယ်နားမှာလည်း "

Taehyung အယောင်ယောင်အမှားမှားနဲ့သူ့နှုတ်ခမ်းသူစမ်းကြည့်နေသည်...ထိုအဖြစ်အပျက်ကိုကြည့်ပြီး သဘောကျစွာတဟားဟားရီနေတဲ့ Jungkook. ..

My Emperor (Complete)Where stories live. Discover now