သူတို့တွေစားသောက်ပြီးတော့ ပြန်ထွက်လာခဲ့ကြသည်...ဆိုင်ပိုင်ရှင်ကတော့ မင်းကြီးမှန်းသိတာကြောင့်စားသောက်နေစဥ်အတွင်းဖျော်ဖြေဖို့ကချေသည်တွေပါ စီစဥ်ပေးရှာသည်...အစားအသောက်တွေကိုလည်းမလစ်ဟင်းစေဘဲ အကောင်းဆုံးဆိုတာတွေပဲချပေးသည်...သူ့အတွက်က မင်းကြီးဆီကအသိအမှတ်ပြုတံဆိပ်ရရင် သူ့ဆိုင်ပိုနာမည်ကြီးနိုင်သည်လေ...
သို့ပေမယ့် Jungkook ကထိုဆိုင်မှာကြာကြာမနေဘဲ စားပြီးပြီးချင်းထွက်သွားတာကြောင့် ဆိုင်ပိုင်ရှင်မှာတော့ စိတ်ဓာတ်အကျကြီးကျနေတော့သည်...နောက်ရက်သူ့ဆိုင်ပိတ်ရနိုင်ချေက ၈၀ ရာခိုင်နှုန်းလောက်ကသေချာနေပြီလေ...အကြောင်းအရင်းကတော့ သူ့ဆိုင်ကလူတွေကချောလှနေတာကြောင့်ဖြစ်နေမှန်း ဆိုင်ပိုင်ရှင်မခန့်မှန်းမိလိုက်ခြင်းပင်...မင်းကြီးလာတာကြောင့်ဆိုင်ပိုင်ရှင်က သူ့ရဲ့ဆိုင်ကအချောဆုံးအလှဆုံးတွေသာ ရွေးပြီးဧည့်ခံခိုင်းစေခြင်းက သူ့အတွက်အမှားဆုံးလုပ်ရပ်ဖြစ်သွားသည်သာ....
Taehyung စားပြီးလို့ ကချေသည်ချောချောလေးတွေငမ်းနေတုန်း Jungkook ကဆိုင်ထဲက ပြန်ထွက်ဖို့အမိန့်ပေးတာကြောင့် စိတ်တိုနေသည်...ဒီလောက်ပျော်စရာကောင်းတဲ့နေရာကို ဘာလို့ကြာကြာမနေရတာလည်းစဥ်းစားလို့မရ...ဒီအရှင် Jeon ဆိုတဲ့သူကအလှအပကိုမခံစားတတ်တာများလား...
သူတို့တွေမြို့တွင်းမှာလျှောက်သွားပြီးတာကြောင့် မြို့စွန်ကတောအုပ်ဘက်ကို လမ်းလျှောက်ဖို့လာခဲ့ကြသည်...လူနေအိမ်တွေနဲ့ဝေးတာကြောင့် တောအုပ်နားမှာလမ်းလျှောက်ရတာ စိတ်အပန်းဖြေနေသလိုခံစားရသည်...သဘာဝလေနဲ့သဘာအနံ့တွေ ငှက်ကလေးတွေရဲ့တကျိကျိအသံလေးတွေက ကြည်နူးဖွယ်ရာဖြစ်နေသည်...ဒီနေရာလေးကသူတို့ ၃ယောက်ငယ်ငယ်ကဆော့နေကျနေရာလေးဖြစ်ကြောင်းJiminကပြောပြသည်...
အရင်တခါကသွားချင်ပေမယ့်ဝေးတာကြောင့် မသွားဖြစ်ခဲ့ကြ...ရှေ့မှာ Jimin နဲ့ Taehyung ကလမ်းလျှောက်ရင်းစကားပြောနေကြသလို Jungkook နဲ့ Yoongi ကလည်းသူတို့နောက်မလှမ်းမကမ်းကနေ လျှောက်နေကြသည်...
Taehyung ကစားသောက်ဆိုင်တုန်းကအဖြစ်ကိုအခုထိမကျေနပ်သေးတာကြောင့် Jungkook ကိုလျစ်လျူရှုထားသည်...
YOU ARE READING
My Emperor (Complete)
Historical FictionJeon ဧကရာဇ်အုပ်ချုပ်နေသည့်ကာလ..... YunHwa ဆောင်ကြာမြိုင်က အလှလေး Kim Taehyung.. ၂၁ ရာစုကာလ..... မိန်းကလေးပရိတ်သတ်တွေရော ယောကျာ်းလေးပရိတ်သတ်တွေကြားမှာပါကျော်ကြားတဲ့ နာမည်ကြီးရေကူးချန်ပီယံလေး V.... အကြောင်းတစ်ခုကြောင့် အလှလေး Kim Taehyung ကိုယ်ထဲရောက်...