နိုင်ငံပြိုင်ပွဲပြီးတော့ Taehyung နဲ့ Jungkook က သတင်းတွေမှာနေရာယူထားလေသည်...Taehyung ကနိုင်ငံ့ဂုဏ်ဆောင်တစ်ယောက်ဖြစ်ပြီး Jungkook ကလည်း Jeon Group ရဲ့ CEO ဖြစ်လာတာကြောင့် လတော်တော်ကြာသည်ထိသတင်းတွေကမရပ်ခဲ့...Taehyung နိုင်ငံတကာပြိုင်ပွဲသွားတုန်းကလည်း တချို့တလေက Taehyung တို့အတွဲကိုသိနေလေသည်...
LGBT ကိုလက်ခံထားတဲ့နိုင်ငံဖြစ်နေတာကြောင့် ပြိုင်ပွဲကိုထိခိုက်မှုတော့မရှိခဲ့ပေ...ထိုပြိုင်ပွဲမှာတော့ Taehyung ဒုတိယနေရာသာရခဲ့ပေမယ့် Seoul ကိုပြန်လာတုန်းကလေဆိပ်မှာလာကြိုကြတဲ့ လူအုပ်ကြီးကြောင့်မျက်ရည်ကျခဲ့ရသေးသည်...
ပြိုင်ပွဲပြီးတော့ Taehyung ရေကူးသမားဘဝကနေ အနားယူခဲ့သည်...Jungkook ရဲ့အဖေကအစပိုင်းသူတို့ဆက်ဆံရေးကိုသဘောမတူခဲ့...ဒါပေမယ့် Jungkook ရဲ့အမေက Taehyung ရဲ့ Fan ဖြစ်နေတာက သူတို့အတွက်အခွင့်အရေးတစ်ခုဖြစ်သွားခဲ့သည်...Jungkook နဲ့ Taehyung ကလက်မထပ်ဖြစ်ကြသေးပေမယ့် Jungkook ရဲ့တိုက်ခန်းမှာပဲအတူနေဖြစ်ကြသည်...
မနက်ခင်းအတူနိုးထ...မောနင်း Kiss ပေး...Jungkook အလုပ်သွားရင် Game ထိုင်ဆော့ နဲ့သံသရာလည်နေရတာ Taehyung ကြာတော့ပျင်းလာသည်...သူအလုပ်လုပ်ဖို့ Jungkook ကိုပြောတော့ တခြားမှာသွားလုပ်ခွင့်မပြုဘဲ သူ့ရဲ့အတွင်းရေးမူးပဲလုပ်ရမယ်လို့ပြောလာသည်...
ဒီနေ့ကပထမဆုံးအလုပ်တက်ရမယ့်ရက်ဖြစ်တာကြောင့် Taehyung သေချာပြင်ဆင်နေသည်...မှန်ထဲကိုကြည့်ပြီး ပူနေတဲ့ဗိုက်လေးကိုတွေ့တော့ Taehyung မျက်မှောင်ကြုံ့မိသည်...
"ငါတော်တော်ဝလာတာပဲ "
"ကိုယ်ကဝဝကစ်ကစ်လေးလည်းချစ်တယ် "
အနောက်ကခါးကိုဖက်ကာပြောလာတဲ့ Jungkook...သူကတော့ပြောအားရှိမှာပေါ့ ၆ပတ်၈ပတ်တွေနဲ့ကို...Taehyung အတွေးနဲ့အတူမဲ့ရွဲ့ပြီး Jungkook လက်ကိုဖယ်ချကာ...
"ဖယ်စမ်းပါ ငါ့အဝတ်တွေတွန့်ကုန်တော့မယ် "
"မဖယ်ချင်ပါဘူး တချိန်လုံးဖက်ထားချင်တာကို ဘယ်လိုလုပ်ရမလဲ "
"Ya Jeon Jungkook အတည်ပြောနေတာဖယ်လို့ ငါကိုအစတည်းကမှမင်းအကပ်နဲ့ဝင်လာတယ်ပြောချင်နေကြမှာကို ထပ်ပြီးအပြောမခံနိုင်ဘူး "
YOU ARE READING
My Emperor (Complete)
Historical FictionJeon ဧကရာဇ်အုပ်ချုပ်နေသည့်ကာလ..... YunHwa ဆောင်ကြာမြိုင်က အလှလေး Kim Taehyung.. ၂၁ ရာစုကာလ..... မိန်းကလေးပရိတ်သတ်တွေရော ယောကျာ်းလေးပရိတ်သတ်တွေကြားမှာပါကျော်ကြားတဲ့ နာမည်ကြီးရေကူးချန်ပီယံလေး V.... အကြောင်းတစ်ခုကြောင့် အလှလေး Kim Taehyung ကိုယ်ထဲရောက်...