My Ex!! is flirting me back(part 1)
::::::::::::::::::::::::::::::::::::::::::ကော်ဖီဆိုင်လေးတစ်ခုမှာ
ပျော်ရွှင်နေတဲ့ မိသားစုလေးကတစ်ဝိုင်း
အသစ်စက်စက် အတွဲလေးကတစ်ဝိုင်း
ညအေးအေးမှာ ကော်ဖီပူပူလေးသောက်သုံးနေတဲ့
လူတွေက ဆိုင်ထဲအနှံ့ဆိုင်ရဲ့ ထောင့်စွန်းခုံလေးပေါ်က
ကော်ဖီနှစ်ခွက်ကတော့ အေးစက်လို့
ကော်ဖီနှစ်ခွက်ရဲ့ ပိုင်ရှင်တွေက
မျက်နှာချင်းဆိုင်ထိုင်နေပေမယ့်
ဒီကော်ဖီခွက်လေးတွေကတော့ အထီးကျန်နေမှာ"ရိပေါ် "
"မပြောနဲ့!! ဘာမှမကြားချင်ဘူး"
တစ်ဖက်ကကောင်လေးရဲ့ အငြင်းစကားကို
ကြားပေမယ့်
ဒီလမ်းက ရှေ့ဆက်တိုးမှရမှာ"ရိပေါ် .. ကောတို့လမ်းခွဲရအောင်"
ဟက် နောက်ဆုံးတော့ဒီဘူတာပဲဆိုက်တာပဲ
ဒီကောင်ကြီးရဲ့အချစ်က
အဲ့လောက်တောင်ပေါ့နေလို့လား ဟမ်!"ကျန့်ကော ကျွန်တော့်ကိုတကယ်ချစ်ခဲ့ရဲ့လား"
ကောက ကောင်လေးကို
တကယ်အချစ်စစ်နဲ့ချစ်ခဲ့တာပါ
ဒါပေမယ့် နှစ်ယောက်လုံးဒုက္ခရောက်မယ့်လမ်းကို
မလျှောက်ကြတာကောင်းမယ်"ကြည့်ရတာ.. ဒီအတိုင်းစိတ်ကစားခဲ့ရုံပဲထင်တယ်
ကော တောင်းပန်ပါတယ်..""တောက်စ်!! ကော.. ကျွန်တော်
ဒုတိယအကြိမ်အခွင့်အရေးပေးမယ်နော်
ကျွန်တော့်ကိုချစ်လား"ဒီကောင်လေး ဒေါသထွက်ရင်သူကြောက်တယ်
အခုတော့ သူ့အမေကိုပိုကြောက်တယ်"မချစ်ဘူး ဘယ်တုန်းကမှမချစ်ခဲ့ဘူးထင်တယ်"
အော် ဘယ်တုန်းကမှမချစ်ခဲ့ဘူးတဲ့လား...
ဒီလောက်ဆိုရပါပြီ"ကောင်းပြီ! ကျွန်တော်တို့လမ်းခွဲကြမယ်
လမ်းမှာတွေ့ရင်တောင် သူစိမ်းလိုနေသွားပါ..
အော်.. တွေ့မှာလည်းမဟုတ်တော့ပါဘူးးး"ထိုကောင်လေး ထွက်သွားတာသေချာမှ
ထိန်းထားတဲ့ မျက်ရည်စများကို
လွတ်လပ်ခွင့်ပေးလိုက်တယ်ရိပေါ်လေး ကောမင်းရဲ့အမေကိုကြောက်တယ်
မင်းရဲ့အမေက မကောင်းဆိုးဝါးနဲ့တူတယ်

ESTÁS LEYENDO
Completed(ငါ့ရည်းစားဟောင်းက ပြန်လိုက်နေတယ်(Z+U)ငါ့ရည်းစားဟောင်းကပြန်လိုက်နေတယ်
Fanficခင်ဗျားကြီးကို ခဏတော့အပြစ်ပေးဦးမယ် ဒါပေမယ့် ဝဋ်လည်တာမြန်လိုက်တာ... မသိဘူး.. သွား.. အခုမှလာမချော့နဲ့.... Yizhan ခင္ဗ်ားႀကီးကို ခဏတော့အပြစ်ပေးဦးမယ် ဒါပေမယ့် ဝဋ်လည်တာမြန်လိုက်တာ... မသိဘူး.. သွား.. အခုမှလာမချော့နဲ့.... Yizhan Pic crd 2nd creation