Part 3 (ယုန်ငတုံးလေး)ယုန္ငတုံးေလး

3.5K 289 15
                                        

My Ex!! is flirting me back(part 3)
::::::::::::::::::::::::::::::::::::::::::::

အခု တရုတ်မှာ ရိပေါ်ဦးစီးမယ့် company က
ကိုယ်စွမ်းကိုယ်စနဲ့ တည်ထောင်ထားတာ

မိဘတွေဆီက အကူအညီမယူပဲ
သူ့ရဲ့ အရှိန်အဝါကိုပြတဲ့အနေနဲ့ ကိုယ်ထူကိုယ်ထ
တည်ထောင်ထားတာ

နောက်တစ်ခါ သူ့ကောကိုငွေစကားလာပြောရင်
ကိုယ့် company ကို ကိုယ့်ဘာသာဦးစီးပြီး
အကုန်လုံးကို ပိုက်ဆံနဲ့မျက်နှာတွေကိုပစ်ပေါက်မလို့

ရိပေါ်က ပြန်လာကတည်းက
သူ့မိဘတွေနဲ့အတူမနေဘူး
သူ့အမေကိုစိတ်နာလို့ တစ်ယောက်တည်း
condo မှာပဲနေတယ်

ဒါမှ နောက်ပိုင်းရှောင်ကျန့်နဲ့
ကစီကလီလုပ်ရင် လွတ်လပ်မှာလေ

ဒီနေ့ ပေကျင်းကသူ့ရဲ့ company ကို
စပြီးဦးစီးရမယ့်နေ့
ဒီနေ့က အကောင်လိုက်ချပြရမယ့်နေ့ပေါ့
ပြောရရင် ဖြဲခြောက်မယ့်နေ့...

အပိုးမကျိုးရင် ချက်ချင်းအလုပ်ထုတ်ပြီး
အသစ်တွေခန့်ပစ်မှာ
ပေးထားတဲ့လစာက နည်းလား.....

အော်.. ဘဝ! ဘဝ! အိပ်ရာကနိုးကတည်းက
ကိုယ်ချစ်ရသူအကြောင်းတောင်
ကောင်းကောင်းမတွေးရသေးဘူး...
သောက်အလုပ်ကိစ္စတွေပဲတွေးနေရတယ်
ချီးပဲ!!!

အော်.. မနက်ခင်းအစောကြီးဆဲနေမိပြန်ပြီ

..တီးတောင်.. တီးတောင်..

bell တီးသံကြောင့် မြန်မြန်တံခါးဆီသွားရတယ်
ဘယ်သူလဲဆိုတာ သိနေတာမို့

တံခါးဖွင့်လိုက်တော့ ကြမ်းပြင်ပေါ်မှာချထားတဲ့
အပူခံဘူးလေး

ဒီယုန်က အပုန်းတော်လှချည်လား!!

အဖုံးဖွင့်လိုက်တော့
green tea အနံ့သင်းသင်းလေး
အင်းးးး အခုမှပဲ မနက်ခင်းက ပြည့်စုံတော့တယ်

နေပါစေဦး.. ခင်ဗျားကြီးကို 10ရက်လောက်တော့
အပြစ်ပေးထားဦးမယ်

green tea ဘူးလေးကို ကိုင်ပြီး
အခန်းထဲကို ပြုံးပျော်စွာကောင်လေးကို
ထောင့်နားမှာ ပုန်းနေတဲ့ကောင်လေးက
ဝမ်းနည်းစွာကြည့်နေတယ်

ငါ့ရိပေါ်လေး နိုင်ငံခြားမှာ
ဘယ်လောက်အထီးကျန်လိမ့်မလဲ

Completed(ငါ့ရည်းစားဟောင်းက ပြန်လိုက်နေတယ်(Z+U)ငါ့ရည်းစားဟောင်းကပြန်လိုက်နေတယ်Место, где живут истории. Откройте их для себя