Unicode
My Ex is flirting me back(ep 11)
*******************************
ရှောင်ကျန့်အခုရောက်နေတဲ့ကော်ဖီဆိုင်က
သမိုင်းတော့ကြီးသား
ဝမ်ရိပေါ်နဲ့ရည်းစား စဖြစ်တာလဲ ဒီဆိုင်မှာပဲ
ဝမ်ရိပေါ်နဲ့လမ်းခွဲတာလဲ ဒီဆိုင်မှာပဲ
ဝမ်ရိပေါ်အမေရဲ့ ပထမတစ်ခေါက် Warning
ပေးခံရတာလဲ ဒီဆိုင်ပဲ...
အခုလည်းဒီဆိုင်မှာပဲ ဝမ်ရိပေါ်အမေနဲ့ချိန်းထားတာ
ဆိုတော့ ရှောင်ကျန့်တစ်ယောက်မနေနိုင်စွာ
ဆိုင်နာမည်ကို သတိတရလှမ်းကြည့်လိုက်တယ်
"Destiny"
မဆိုးပါဘူး ဆိုင်နာမည်နဲ့ လက်ရှိအခြေအနေနဲ့တော့ကိုက်သား
အရာရာက ကံတရားပါပဲ...
ဒီနေ့ ဝမ်ရိပေါ်အမေက နောက်ဆုတ်ပေးဖို့ပြောခဲ့ရင်၊
သေချာတာပေါ့!!!
သူကတော့ ရှေ့ဆက်တိုးနေတော့မှာပဲ....
နောင်တဆိုတာ တစ်ခါရတော်ရောပေါ့
ထိုအချိန်မှာပဲ ဆိုင်ထဲကို အသက် ၄၀အရွယ်
မိန်းမလေးတစ်ဦးက ကိုယ်ဟန်အပြည့်နဲ့
ကော်ဖီဆိုင်ထဲဝင်လာပြီး ရှောင်ကျန့်ရှိရာစားပွဲပေါ်သို့
ပုံမှန်ခြေလှမ်းများနဲ့ လျှောက်လှမ်းလာတယ်
ရှောင်ကျန့်ရဲ့ အတွေးထဲမှာတော့
အသက်အရွယ်တစ်ခုရောက်ရင် အရမ်းမြင့်တဲ့
ဒေါက်ဖိနပ်တွေက အန္တရာယ်များလွန်းတယ်
သူမရဲ့ လမ်းလျှောက်တဲ့ ဂွက် ဂွက် ဂွက် အသံက
ဘယ်အချိန်ချော်လဲမလဲလို့ ရင်တမမနဲ့
စောင့်နေရသလိုပဲ
ရှောင်ကျန့်ဘက်က လေးစားသမှုနဲ့
ထိုင်ရာမှထိုင်ကာ နှုတ်ဆက်လိုက်သည်
"အန်တီ မတွေ့ရတာကြာပြီနော်"
သူမက ခေါင်းတစ်ချက်ငြိမ့်ပြပြီးသာ
အသိအမှတ်ပြုပြီးနောက် ရှောင်ကျန့်နှင့်
မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်၊
ရှောင်ကျန့်တစ်ယောက်ပြန်ထိုင်ရုံသာရှိသေး
သူမထံမှ
"လိုရင်းတိုရှင်းကိုပဲ မြန်မြန်လေးပြောကြတာပေါ့"
ဟူး..
ရှောင်ကျန့်တစ်ယောက် လေတစ်ချက်မှုတ်ထုတ်လိုက်ကာ ကိုယ့်စိတ်ကိုအသင့်ပြင်ပြီးမှ
YOU ARE READING
Completed(ငါ့ရည်းစားဟောင်းက ပြန်လိုက်နေတယ်(Z+U)ငါ့ရည်းစားဟောင်းကပြန်လိုက်နေတယ်
Fanfictionခင်ဗျားကြီးကို ခဏတော့အပြစ်ပေးဦးမယ် ဒါပေမယ့် ဝဋ်လည်တာမြန်လိုက်တာ... မသိဘူး.. သွား.. အခုမှလာမချော့နဲ့.... Yizhan ခင္ဗ်ားႀကီးကို ခဏတော့အပြစ်ပေးဦးမယ် ဒါပေမယ့် ဝဋ်လည်တာမြန်လိုက်တာ... မသိဘူး.. သွား.. အခုမှလာမချော့နဲ့.... Yizhan Pic crd 2nd creation
