Part 12 (ကံစီမံရာ)

1.6K 149 2
                                        

Unicode

My Ex is flirting me back
***********************

ရိပေါ်တစ်ယောက် ဒီနေ့တစ်နေ့လုံးအလုပ်လုပ်ရတာ
စိတ်လုံးဝမဖြောင့်ဘူး၊
တစ်ခုခုကိုရင်ထဲလေးနေတယ်

အဲ့တာနဲ့ ကိုယ့်စားပွဲမှာကိုယ်ထိုင်ပြီး
အကြာကြီးစဥ်းစားကာ ကိုယ့်ကိုယ်ကို
မေးခွန်းပြန်ထုတ်နေမိတယ်

ငါကဘာကိုရင်ထဲလေးနေတာလဲ????

သူ့မှာလောလောဆယ် ရင်လေးစရာက
ကျန့်ကောတစ်ယောက်ပဲရှိတယ်

အရင် ၅နှစ်ကလိုအခြေအနေမျိုးမှာသာဆိုရင်
သူ့အတွက် စိတ်ပူစရာတွေက

ငါ့အမေက ကျန့်ကောကိုဘာတွေပြောပြီး
လမ်းခွဲခိုင်းမလဲ....
ကျန့်ကောကကော နောက်ဆုံးမှာ ငါ့ကိုရွေးပါ့မလား..
ဒါမှမဟုတ် ငါ့ကိုထားသွားရင်ကော...
ငါ့မှာလည်း ဘာအင်အားမှမရှိဘူး၊ ဒီအတိုင်း
တက္ကသိုလ်ကျောင်းသားလေးတစ်ယောက်သာသာပဲ
ဖိအားပေးမယ့်အခြေအနေမျိုးမှာသာဆိုရင်
ကျန့်ကောက ငါ့ကိုထားသွားလိမ့်မယ်

သူကျန့်ကောကို မယုံတာတော့မဟုတ်ပါဘူး
ဒါပေမယ့်  သူ့ရဲ့ရှောင်ကျန့်က စိတ်ရှုပ်ခံမယ့်
လူစားမျိုးမဟုတ်သလို  ရိပေါ်ဘက်ကအတင်းအကျပ်
လုပ်ယူထားတဲ့ရည်းစားဆက်ဆံရေးဆိုတော့
တစ်ဖက်သတ်အချစ်လိုမျိုးဖြစ်နေတဲ့
အခိုက်အတန့်တွေ

အခုတော့ အခြေအနေတွေက အရင်ကနဲ့
မတူတော့ဘူး၊  သူ့ရဲ့ကျန့်ကောက သူ့ကိုချစ်လွန်းလို့ ၅နှစ်တောင် နောင်တတွေနဲ့ရှင်သန်လာရင်း
ရိပေါ်ကိုစောင့်နေတာ၊  ရိပေါ်ကနဂိုကတည်းက
စချစ်ခဲ့ရတဲ့သူဆိုတော့  အခုချိန်က  စွယ်တော်ရွက်အခြေအနေမျိုးပဲ။

ပြီးတော့ အခုဝမ်ရိပေါ်ဆိုတာ အရင်လို တက္ကသိုလ်ကျောင်းသားသာသာပဲမဟုတ်တော့ဘူး၊
သူပိုင်တဲ့ ကုမ္ပဏီကြီးရှိတယ်၊
သူနဲ့ပတ်သတ်ကိုပတ်သတ်ရမယ့် စီးပွားဖက်တွေလဲ
ရှိတယ်၊ 

သူရဲ့မိဘတွေဘက်ကကြည့်ရင်
'ငါ့သားက ယောကျာ်းလေးတစ်ယောက်နဲ့ကြိုက်လို့
သူပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေအကုန်
ဖြုတ်ချပစ်ရမယ်' ဆိုတဲ့နလပိန်းတုံးအတွေးကြီး
ရှိမယ်လို့မထင်ဘူး၊  ဘယ်မိဘက ကိုယ့်သားသမီး
ကောင်းစားတာ မလိုချင်ပါ့မလဲ

Completed(ငါ့ရည်းစားဟောင်းက ပြန်လိုက်နေတယ်(Z+U)ငါ့ရည်းစားဟောင်းကပြန်လိုက်နေတယ်Nơi câu chuyện tồn tại. Hãy khám phá bây giờ