My Ex! is flirting me back (part 4)
::::::::::::::::::::::::::::::::::::::::::::
ရှောင်ကျန့် ဒီနေ့သေချာပြင်ဆင်နေတယ်
ဒီနေ့က ရိပေါ်ရဲ့ company မှာ
ပထမဆုံးရုံးတက်ရမယ့်နေ့လေ
ကျိုးချန်ကိုတော့ အလုပ်တွေအကုန်လွှဲထားရတယ်
ဦးစိတ်တိုက ဒီတစ်ခေါက်တော့
ရှောင်ကျန့်ကိုမဆူဘူးးး
သူ့ကြည့်ရတာ ရှောင်ကျန့်ကိုတောင်သနားနေတဲ့ပုံ
ဘာပဲဖြစ်ဖြစ် ဒီနေ့ပထမဆုံးရုံးတက်ရက်ဆိုတော့
ရိပေါ်နဲ့နီးဖို့ ခြေတစ်လမ်းထပ်တိုးလိုက်ပြီ
အပြင်ထွက်ဖို့ တံခါးဖွင့်လိုက်တော့....
တစ်ဖက်ခန်းက ထွက်လာတဲ့ရိပေါ် !!
ပြောသား ကံတရားက ရှောင်ကျန့်ဘက်ကပါလို့
"Hi"
"အင်း"
တော်သေး reply လေးတော့ရလို့..
"ရိပေါ် ရုံးသွားမှာမလား
ကောတို့တူတူသွားရအောင်လေ ဟီးး"
"ဒီမှာ ခင်ဗျားမှာလည်းကားရှိတယ်မလား..
နောက်ပြီး ကျွန်တော်က ခင်ဗျားသူဌေးနော်
အပြောအဆို အနေအထိုင်ဆင်ခြင်ပါ
နောက်ဆို ကျွန်တော်နဲ့ဝေးဝေးနေရင်ကောင်းမယ်"
ထွက်သွားတဲ့ ရိပေါ်ရဲ့ကျောပြင်ကိုကြည့်ပြီး.....
ဘာတွေက ဒီကောင်လေးကို ကြမ်းတမ်းစေတာလဲ?
အကုန်လုံးက ကောရဲ့အမှားတွေပါ
နှစ်ယောက်သား ခွဲရတုန်းက
အနည်းဆုံးတော့ ရှောင်ကျန့်က သူ့တိုင်းပြည် တရုတ်မှာ သူငယ်ချင်းတွေနဲ့ နေရသေးတယ်လေ
ရိပေါ် ကတော့ တိုင်းတစ်ပါးမှာ
သူစိမ်းတွေနဲ့ နေခဲ့ရတာဆိုတော့
အထီးကျန်နေမှာ...
ဂရုစိုက်ပေးမယ့်သူလဲမရှိလောက်ဘူး
စိတ်မဆိုးရက်ဘူး..
နည်းနည်းလေးတောင်ဒေါသမထွက်ရက်ဘူး..
စိတ်မကောင်းပဲဖြစ်မိတာ....
ရိပေါ်က ကောကိုအော်တာကို...
~~~~~
"နိဟောင် ကျွန်တော်ကရှောင်ကျန့်
ဝန်ထမ်းအသစ်ကို ကူညီပေးကြပါဦး"
"Wow အသစ်လေးက ချောလိုက်တာ"
"ဟဲ့ နှုတ်ခမ်းအောက်ကလဲ မှဲ့လေးနဲ့"
YOU ARE READING
Completed(ငါ့ရည်းစားဟောင်းက ပြန်လိုက်နေတယ်(Z+U)ငါ့ရည်းစားဟောင်းကပြန်လိုက်နေတယ်
Fanfictionခင်ဗျားကြီးကို ခဏတော့အပြစ်ပေးဦးမယ် ဒါပေမယ့် ဝဋ်လည်တာမြန်လိုက်တာ... မသိဘူး.. သွား.. အခုမှလာမချော့နဲ့.... Yizhan ခင္ဗ်ားႀကီးကို ခဏတော့အပြစ်ပေးဦးမယ် ဒါပေမယ့် ဝဋ်လည်တာမြန်လိုက်တာ... မသိဘူး.. သွား.. အခုမှလာမချော့နဲ့.... Yizhan Pic crd 2nd creation
