My Ex!! is flirting me back(part 2)
:::::::::::::::::::::::::::::::::::::::::::::
အချိန်နဲ့ ဒီရေသည် လူကိုမစောင့်..
ရှောင်ကျန့်ကတော့ ရိပေါ်ကို စောင့်တယ်..
စောင့်မြဲစောင့်ဆဲ
၅နှစ်တာကာလမှာ ပြောင်းလဲသွားတာတွေများတယ်
ကောရဲ့ အချစ်တွေကတော့ မပြောင်းလဲဘူး
ကောလေ အခု ကုမ္ပဏီလေးတစ်ခုထောင်ထားတယ်
ဘာမှတော့ ထွေထွေထူးထူးမဟုတ်ပါဘူး
ဒီအတိုင်း
Home decorating company လေး
ကောရဲ့သူငယ်ချင်း ကျိုးချန်က
ကောကိုကူပေးတယ် ဝင်ငွေလည်းကောင်းတယ်
အားလုံးအဆင်ပြေတယ်..
ကိုယ့်ဘေးမှာ မင်းရှိနေဖို့ပဲလိုအပ်တော့တာ
"ရှောင်ကျန့် အလုပ်မလုပ်ပဲဘာတွေတွေးနေတာလဲ
မဟုတ်မှ... "
သူများက ဆွေးလို့ကောင်းပြီဆို
သူကအမြဲတမ်းပွဲဖျက်ပြီ
"တော်တော့.. နေ့လည်စာစားဖို့လာခေါ်တာမလား
သွားမယ်လေ.. FA လေးးးးးး"
"ဘာ!!!!"
ပြောပြီး ရှောင်ကျန့် တစ်ချိုးတည်းပြေးရတယ်
ကျိုးချန်ဒေါသထွက်ရင် သူ့နားမဒိန်းကျင့်ခံရသလိုပဲ
ဆဲတာဆိုတာလေ.. သေသွားတဲ့ ကြီးတော်တောင်
အဆဲခံရတယ်
~~~~~~~
အခုလေးတင် လေဆိပ်ထဲကထွက်လာတဲ့
ကောင်လေးတစ်ယောက်
"သခင်လေး ဘယ်ကိုသွားမှာလဲ"
ဒရိုင်ဘာကောင်လေးရဲ့စကားအဆုံး
"Xiao Home Decoration company"
"ဟုတ်ကဲ့"
ကျန့်ကော... ကျွန်တော်ပြန်လာပြီ
ထပ်ပြီးငြင်းနေမယ်ဆိုရင်
မဒိန်းကျင့်ပြီးပဲဖြစ်ဖြစ် ဖမ်းထားတော့မှာ
*ရှောင်ကျန့်အစား ကျိမ်းတယ်*
~~~~~~~~
ရှောင်ကျန့်နဲ့ ကျိုးချန်ဆိုတာ
လည်ပင်းဖက်ပေါင်းတဲ့သူတွေ
အခုလည်း စားသောက်ပြီးပြန်လာတော့
ကျိုးချန်က ရှောင်ကျန့်လည်ပင်းကိုဖက်လျက်
လမ်းလျောက်လာကြတယ်
ကျိုးချန်က ဒေါသကြီးတယ်
စိတ်ဆိုးလွယ်တယ် စိတ်မရှည်ဘူး
ဒါပေမယ့် တကယ်သူငယ်ချင်းကောင်းပဲ
အမြဲတမ်းကူညီပေးတယ်
ВЫ ЧИТАЕТЕ
Completed(ငါ့ရည်းစားဟောင်းက ပြန်လိုက်နေတယ်(Z+U)ငါ့ရည်းစားဟောင်းကပြန်လိုက်နေတယ်
Фанфикшнခင်ဗျားကြီးကို ခဏတော့အပြစ်ပေးဦးမယ် ဒါပေမယ့် ဝဋ်လည်တာမြန်လိုက်တာ... မသိဘူး.. သွား.. အခုမှလာမချော့နဲ့.... Yizhan ခင္ဗ်ားႀကီးကို ခဏတော့အပြစ်ပေးဦးမယ် ဒါပေမယ့် ဝဋ်လည်တာမြန်လိုက်တာ... မသိဘူး.. သွား.. အခုမှလာမချော့နဲ့.... Yizhan Pic crd 2nd creation
