Part 10 (DATE)

1.9K 158 1
                                        

Zawgyi

"အဲ့တာဆိုကောတို့ date ကြရအောင်"

အမှန်ပြောရင်  ကျန့်ကောနဲ့သူ ပြန်တွေ့ကတည်းက
နှစ်ယောက်စလုံးက ကျီစားသလိုရန်များနေကြတာဆိုတော့  ရည်းစားတွေလို ပူပူနွေးနွေးမနေရတာကြာလှပြီ။ 

"ဒီနေ့ပဲ date ရအောင်လေ ကျန့်ကော"

ရှောင်ကျန့်တစ်ယောက်နာရီကိုလှည့်ကြည့်လိုက်တော့  ည ၆နာရီပဲရှိသေးတာမို့

"ok   သွားမယ်!  သွားမယ်!
အဝတ်အစားသွားလဲတော့  မြန်မြန်!" 

လွန်ခဲ့တာ ၅နှစ်တုန်းက ဝမ်ရိပေါ်ဆိုတာ
လမ်းလူဆိုးလေးတစ်ယောက်သာသာပါပဲ..
မိဘတွေကတောင် မလိမ္မာလို့ လွှတ်ထားတဲ့ကောင်လေးကို  ကျန့်ကောက
မညည်းမညူ အပြစ်မတင်ပဲ သည်းခံပြီးချစ်ပေးတာ..
လူဆိုးလေးနဲ့တွဲရတာဆိုတာ ချစ်ကြောင်းကြိုက်ကြောင်း ပြောတဲ့အချိန်တွေထက်
ရဲစခန်းသွားပြီး ခံဝန်လက်မှတ်သွားထိုးရတဲ့အချိန်ကပိုများနေတယ်။  အခုလိုပြန်တွေးမိရင် သူ့ကောအပေါ်အရမ်းအားနာရတယ်..
သူ့ရဲ့ကျန်ရှိတဲ့လူ့ဘဝသက်တမ်းမှာ
လိမ်လိမ်မာမာနဲ့ သူ့ကောအတွက်ပဲ
ယောကျာ်းကောင်းတစ်ယောက်ဖြစ်အောင်နေတော့မယ်။ 

အတွေးဆိုတာ တွေးလေနစ်လေပါပဲ...

သူ့ကောဆန္ဒအရ အခန်းထဲမြန်မြန်ဝင်ပြီး
အဝတ်အစားမြန်မြန်လဲရတယ်
ဒီဇင်ဘာလကအေးတယ် 
သူ့ကောလို ပိန်ပိန်ပါးပါးခန္ဒာကိုယ်အတွက်
အနွေးထည်ထူထူလေးပါ တစ်ခါတည်း
သယ်သွားရမယ်။ 

"ကျန့်ကောရေ.. ပြီးပြီ...  သွားကြမယ်..
လာ.. အနွေးထည်ပါတစ်ခါတည်းဝတ်သွား
အပြင်မှာအေးတယ်"

ကလေးလိုလိုလူကြီးလိုလိုလေးကို သူကပဲ
အနွေးထည်ဝတ်ပေးပြီး  ရင်ခွင်ထဲထိ
ဆွဲဖက်ထားကာ ဆောင်းရာသီကို အံတုပြီး
date လုပ်ဖို့ အိမ်အပြင်ဘက်ခြေလှမ်းစလှမ်းခဲ့တယ်

အခုချိန်သူ့ရင်ခွင်ထဲကလူကြီးက
သွား ၃၂ချောင်းဖြီးနေမလားပဲ??

မှန်တာပေါ့ ..  ရှောင်ကျန့်ကတော့
ရင်ထဲမှာပီတိတြွေဖာနေပါပြီ။
တစ်ချိန်လုံးပြုံးနေတဲ့ ကျေနပ်အပြုံးလိုလို
ဂုဏ်ယူနေတဲ့ အပြုံးကြီးကြောင့်
ပါးရိုးတွေတောင်ညောင်းလောက်ပေမယ့်
သူကတော့ ဆက်ပြုံးနေတုန်းပဲ။
ချစ်မိသွားရင် ကုဖို့ဆေးမရှိဘူး...

Completed(ငါ့ရည်းစားဟောင်းက ပြန်လိုက်နေတယ်(Z+U)ငါ့ရည်းစားဟောင်းကပြန်လိုက်နေတယ်Место, где живут истории. Откройте их для себя